![]() |
ဝါယာရှော့ဖြစ်၍ ယာဉ်တစ်စီး ဦးခေါင်းပိုင်းမီးလောင်မှုဖြစ်ပွား |
ရန်ကုန်-မန္တလေးအမြန်လမ်း ဧပြီလ ၁၂ ရက်နေ့ ယနေ့ ညနေ (၂း၂၀) အချိန်တွင် ၀ါယာရှော့ဖြစ်၍ ယာဉ်တစ်စီး ဦးခေါင်းပိုင်းမီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် စကားအင်းအမြန်လမ်းရဲစခန်းမှူး ရဲအုပ် သိန်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ အသိသက်သေအဖြစ် စကားအင်း အမြန်လမ်း လက်ထောက်မီသတ်ဦးမှူး ဟိန်းသက်ဆွေနှင့် တပ်ဖွဲ့ဝင်များ၊ ပြင်စည် အမြန်လမ်း လက်ထောက် မီသတ်ဦးမှူး ရန်နိုင်ဖြိုးနှင့်တပ်ဖွဲ့ဝင်များ အမြန်လမ်းအရေးပေါ်လူနာတင်အဖွဲ့မှ ဦးသန်းစိုးဝင်းနှင့် အဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးမြို့လမ်း ၄၀×၅၅ ကြား ရဲမွန်တောင်ရပ်နေ ယာဉ်မောင်း နိုင်မျိုးထွန်း (၂၂) နှစ်နှင့် ယာဉ်ပေါ်လိုက်ပါစီးနင်းသူ မနန္ဒာ(၃၆)နှစ်တို့ မောင်းနှင်လာသော ၃စ/----- BONGO - 2 ပြာရောင် BOX ယာဉ်သည် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၃၃၈/၂ နှင့် ၃ အကြား အရောက်တွင် ရှေ့ဦးခေါင်းပိုင်း ၀ါယာရှော့ဖြစ်ကာ မြေသားလမ်းပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်း ဖြစ်သည်။
ယာဉ်မောင်းနှင့် လိုက်ပါလာသူတို့မှာ ထိခိုက်ဒဏရာရရှိခြင်းမရှိဘဲ ယာဉ်မှာရှေ့လေကာမှန်ကွဲခြင်း၊ ဘေးတံခါး မှန်ကွဲခြင်း၊ ရှေ့မီးခွက်လောင်များနှင့် ရှေ့ပိုင်းမီးလောင်ကျွမ်းမှုတို့ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာကျပ် (၄၀) သိန်းခန့်ရှိဆုံးရှုံးခဲ့သဖြင့် ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ နိုင်မျိုးထွန်းအား ဥပဒေအရ အရေးယူပေးပါရန် တာဝန်မှူး ဒုရဲအုပ် စန်းယုမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၈/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
ရဲတင့်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစ်စီး ဦးခေါင်းပိုင်း မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:11
Rating:
