မာရသာ မုန်တိုင်းအားပျော့ပျက်ပြယ်

( မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ် ) Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ Facebook
မနေ့ညက ဖြစ်ပေါ်ခဲ့တဲ့ မာရသာဆိုင်ကလုန်းမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းက ကျန်ရှိနေတဲ့ တိမ်တွေကြောင့် တစ်နိုင်ငံလုံးမှာ မိုးရွာဦးမယ်လို့ မိုးလေသ၀နဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ မိုးများနိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"လောလောဆယ်တော့ မုန်တိုင်းဒီအပေါ်ပိုင်းကတော့ ပြီးသွားပြီ။ မိုးတိမ်တောင်နည်းနည်းရှိတော့ ပင်လယ်ပြင်ကိုတော့ လှိုင်းကြီးနိုင်တယ်လို့ ထုတ်ထားတာရှိတယ်ပေါ့။ ဒီမွန်၊ ကရင်နဲ့ တနင်္သာရီကိုတော့ မိုးနဲ့လေနဲ့ နည်းနည်းပေးမှာပေါ့နော်။ ကျန်တဲ့ဥစ္စာတွေကတော့ စောစောကပြောတဲ့ မုန်တိုင်းက ကျန်တဲ့အကြွင်းအကျန် တိမ်တိုက်တွေကြောင့် တနိုင်ငံလုံးတော့ ပျံ့ပျံ့နှံ့နှံ့ မိုးရနေဦးမယ်။ "

မနေ့ညက ရခိုင်ကမ်းရိုးတန်းဒေသ ၊ သံတွဲမြို့နားကို ဖြတ်ကျော်တိုက်ခတ်ခဲ့တဲ့ မာရသာမုန်တိုင်းဟာ ကုန်းတွင်းမုန်တိုင်းအဆင့်ကနေ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားပြီဖြစ်တဲ့အတွက် အစိမ်းရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့မနက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

အဲ့ဒီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ မန္တလေး၊ မကွေး ၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ