လယ်တောအတွင်း ရေယူရာမှ စကားများ ခိုက်ရန်ဖြစ်ပွား လူသတ်မှုဖြစ်


မန္တလေး၊ ဧပြီ ၂၄

၂၃-၄-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်၊ မြောင်းအင်းကျေးရွာနေ မအေးအေးခိုင် ၃၉ နှစ်သည် နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ မိုးဝင်း ၃၄ နှစ်နှင့် တစ်ရွာတည်းနေ ၎င်း၏ယောက်ဖဖြစ်သူ မြင့်ရွှေ ၄၇ နှစ်တို့ ရွာအရှေ့ဘက် လယ်တောပျိုးခင်းအတွင်း စကားများရန်ဖြစ်ရာ မြင့်ရွှေမှတုတ်နှင့်ရိုက်၍ မိုးဝင်းသေဆုံးနေကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါသည်။

မအေးအေးခိုင်မှ မိုးဝင်းအား ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ စုံစမ်းမေးမြန်းရာ မိုးဝင်းနှင့် မြင့်ရွှေတို့သည် လယ်တောအတွင်း ရေယူရာမှစကားများ ခိုက်ရန်ဖြစ်ပွား၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြင့်ရွှေအား စဥ့်ကိုင်မြို့မရဲစခန်း(ပ)၁၂၆/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice/
လယ်တောအတွင်း ရေယူရာမှ စကားများ ခိုက်ရန်ဖြစ်ပွား လူသတ်မှုဖြစ် လယ်တောအတွင်း ရေယူရာမှ စကားများ ခိုက်ရန်ဖြစ်ပွား လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.