ရသေ့တောင်မြို့နယ်တွင် ဓားခုတ်မှုဖြစ်ပွား


ဧပြီ ၂၆၊ ၂၀၁၇

ရသေ့တောင်မြို့နယ် အုတ်ဖိုကျေးရွာ နေအိမ်ခြံဝန်း အတွင်း၌ ဓားထိုးမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် ရသေ့တောင်မြို့နယ် အုတ်ဖိုကျေးရွာနေ အိမ်ခြံဝန်းဈေးဆိုင် အတွင်း၌ မဖြူမကြီး (၂၈)နှစ် နှင့် သမီးဖြစ်သူ မမေဖြူသန့် (၁၁)နှစ် တို့အား အမည်မသိ (စိစစ်ဆဲ) လူတစ်ဦးက ဓားဖြင့်ထိုးခဲ့ရာ မဖြူမကြီးသည် လည်ပင်း၊ လည်ဂုတ် ပြတ်ရှ ဒဏ်ရာ၊ မေးစေ့အောက်ထိုးသွင်းဒဏ်ရာများနှင့် မမေဖြူသန့်တွင် ပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ရာ ၄င်းတို့နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လွတ်မြောက်နေသည့် အမည်မသိ ဓားဖြင့်ထိုးသွားသူအား မဖြူမကြီး၏ မိခင် ဒေါ်သိန်းနုစိန်၏ တိုင်ကြားချက်အရ နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ရသေ့တောင်မြို့နယ်တွင် ဓားခုတ်မှုဖြစ်ပွား ရသေ့တောင်မြို့နယ်တွင် ဓားခုတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.