တောင်ငူမြို့ ဆေးရုံဟောင်းလမ်း၌ မောင်းနှင်နေသည့် ယာဉ်ငယ်ပေါ် သစ်ပင်လဲကျမှုဖြစ်ပွား


တောင်ငူ ဧပြီ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊ ဆေးရုံဟောင်းလမ်းတွင် ဧပြီ(၁၈)ရက်နေ့ နံနက်(၁ဝ)နာရီ အချိန်ခန့်က လူနှစ်ဦးစီးနင်းမောင်းနှင်နေလာသောDauble Cup ယာဉ်ငယ်တစ်စီးပေါ်သို့ နှစ်ချို့ စိန်ပန်းပင်ကြီး အလိုအလျောက်လဲကျကာပိမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
 ''ကားလေးက ကွမ်းယာဆိုင် ကနေ ပန်းသီးပွဲရုံဘက်ကိုသွားကြတာလို့ပြောတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကားဖြတ်သွားတဲ့အချိန်ကြမှ သစ်ပင်ကြီးကလဲကျသွားတာ ယာဉ်ပေါ်ပါတဲ့သူတွေတော့ဘာမှဖြစ်တာမရှိပါဘူး''ဟု ကိုယ်တိုင်မြင်တွေ့ လိုက်ရသော မြို့ခံတစ်ဦးကပြောကြားသည်။

 ဦးချိုကြီး(၄၆)နှစ်၊အင်ဒိုင်းကျေးရွာ၊တောင်ငူမြို့နေသူ မောင်း နှင်ပြီး အဖော်တစ်ဦးလိုက်ပါလာသော 6B/------Dauble Cup ယာဉ်သည် ဆေးရုံဟောင်းလမ်း အတိုင်းမောင်းနှင်လာစဉ် ယခင်ရက်က မိုးရွာသွန်းထား၍ပင်စည်အရင်းအမြစ်များနှင့်မြေများစိုစွတ် နေရာမှလဲကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 သစ်ပင်လဲ ကျမှုကြောင့် ယာဉ်၏ ခါးလယ်ပိုင်းနှင့် စက်ခန်းပိုင်းတို့ကိုခွ၍ပိမိခဲ့ပြီး အဆိုပါသစ်ပင်ပိမိ နေသောနေရာသို့ တောင်ငူမြို့မှစခန်းမှူး ဒုရဲမှူး အောင်ဝင်းထွေး ဦးစီးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝဘေး အန္တရာယ်များကူညီရေးအဖွဲ့(DR) တို့ကကူညီဆောင်ရွက်ပေးခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်၌ ရှင်းလင်း ဖယ်ရှားနိုင်ခဲ့ကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့ ဆေးရုံဟောင်းလမ်း၌ မောင်းနှင်နေသည့် ယာဉ်ငယ်ပေါ် သစ်ပင်လဲကျမှုဖြစ်ပွား တောင်ငူမြို့ ဆေးရုံဟောင်းလမ်း၌ မောင်းနှင်နေသည့် ယာဉ်ငယ်ပေါ် သစ်ပင်လဲကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.