မွန်ပြည်နယ် သထုံမြို့တွင် ရေပက်ခံကား တိမ်းမှောက်သဖြင့် လူ(၁၇)ဦး ဒဏ်ရာရ


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဧပြီ ၁၇ ရက် (နှစ်ဆန်း ၁ ရက်နေ့)က ရေပက်ခံထွက်သည့်ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကားက မော်လမြိုင်ဘက်ရေသန့်စက်ရုံက ဝန်ထမ်းတွေရေကစားထွက်လာတဲ့ကား၊ လမ်းကွေ့မှာ အရှိန်နဲ့ကွေ့ တော့ လမ်းဘေးရောက်သွားတာကို ပြန်ဆွဲတင်တော့ မထိန်းနိုင်တော့ဘဲ မှောက်သွားတာ၊ တော်တော်များများ က ဒဏ်ရာရသွားတယ်။”ဟု မုတ္တမ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 မော်လမြိုင်မြို့နေ ယာဉ်မောင်း ဝင်းဗိုလ်(၂၈)နှစ် မောင်းနှင်သော ယာဉ်ပေါ်တွင် မော်လမြိုင်၊ ဒေါင်းဇရပ်ရှိ သောက်ရေသန့်စက်ရုံမှ ရေကစားသူ ကျား(၂၀)ဦး၊ မ(၁၅)ဦးလိုက်ပါလာပြီး ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ဘက် မှ ရေကစားပြီး မော်လမြိုင်သို့အပြန်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် (၁၈၀/၂)နှင့် (၁၈၀/၃) အကြား၌ လမ်းကွေ့အား အရှိန်ဖြင့်ကွေ့စဉ် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ သောက်ရေသန့်စက်ရုံမှ ဝန်ထမ်းကျား (၇)ဦးနှင့် မ(၁၀)ဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မုတ္တမဆေးရုံနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ထားရပြီး ယာဉ်မောင်း ဝင်းဗိုလ်အား မုတ္တမနယ်မြေရဲစခန်းမှ ယာဉ်(ပ)၈ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မွန်ပြည်နယ် သထုံမြို့တွင် ရေပက်ခံကား တိမ်းမှောက်သဖြင့် လူ(၁၇)ဦး ဒဏ်ရာရ မွန်ပြည်နယ် သထုံမြို့တွင် ရေပက်ခံကား တိမ်းမှောက်သဖြင့် လူ(၁၇)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.