အင်းတော် ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်ရဲစခန်း ဝန်ထမ်း လိုင်းခန်းတွင် မှီခိုနေထိုင်သူ ရဲတပ်ကြပ်ကြီးမြင့်အောင်(ကွယ်လွန်)၏ ဇနီး ဒေါ်သန်းရွှေမြ နေထိုင်သော ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုး နှစ်ခန်းတွဲ နေအိမ် တစ်လုံး ဧပြီ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှုအား ကောလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြသဖြင့် အခြားနေအိမ်များကို မီးကူးစက်လောင်ကျွမ်းခြင်းမရှိ ကြောင်း သိရသည်။
မီးလောင်မှုနှင့်စပ်လျဉ်း၍ ကောလင်းရဲစခန်းက အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုမင်း(အင်းတော်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကောလင်း ရဲစခန်းဝန်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:04
Rating:
