ဗန်းမောက် ဇလုံတောင် ဘုရားဖူးယာဉ် တိမ်းမှောက်


စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ဇလုံတောင် တောင်တက်ကားလိုင်းအသင်းမှ လူ ၁၁ ဦး လိုက်ပါလာသော SGG 1H - 5347 နံပါတ်ပါ ဘုရားဖူးယာဉ်တစ်စီးမှာ ၈ မိုင် ၇ ဖာလုံ ကျောက်မဏ္ဍပ်အနီး တောင်တက်တွင် ဧပြီလ ၁၆ရက်နေ့ သင်္ကြန် အတက်နေ့ မနက် ၁၀း၀၀ နာရီခန့် က နောက်ပြန်လှိမ့်ကာ ချောက်ထဲသို့ လျောကျတိမ်းမှောက်ခဲ့ကြောင်း သိရပါသည်။


အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကိုအောင်မြိုင်ထွန်း သုံးဆယ်ပေး ကျေးရွာ ၊ ကိုထွန်းမင်းဦး ရ.က ၉ ကသာမြို့ ၊ ကိုအောင်ကျော်ငြိမ်း ၊ မမေသူခိုင် ၊ ဒေါ်ယဉ်ယဉ်ဆွေ ၊ ဒေါ်မြို င် ၊ ဒေါ်ခင်ကြည် ၊ ဒေါ်ခင်လှဆွေ ရ.က (၂) ကသာမြို့ တို့ နှင့် ယာဉ်မောင်း ကိုအောင်မြင့်လွင် အပါအဝင် လူ ၈ ဦးမှာ ဒဏ်ရာများအသီးသီး ရရှိခဲ့ပါသည်။


ဒဏ်ရာရသူ လူ ၄ ဦးမှာ ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှု ခံယူနေပြီး ကျန် ၄ ဦးမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း သိရသည် ။

မြင့် လွင်
https://www.facebook.com/ktamyintlwin
ဗန်းမောက် ဇလုံတောင် ဘုရားဖူးယာဉ် တိမ်းမှောက် ဗန်းမောက် ဇလုံတောင် ဘုရားဖူးယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 04:46 Rating: 5
Powered by Blogger.