တီဗီကြည့်ပြီး အိမ်ပြန်လာသူ အမျိုးသမီးအား ၃ ကြိမ်တိုင် သားမယားပြုကျင့်မှု သာပေါင်းမြို့နယ်တွင် ဖြစ်ပွား


၁၁.၄.၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျုံကဒွန်းကျေးရွာအုပ်စု ဆတ်သွားဗြန့်ကြီးကျေးရွာတွင် ဧပြီလ ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က မုဒိန်းမှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆတ်သွားဗြန့်ကြီးကျေးရွာနေ မ ……… သည် ည ၁၀ နာရီဝန်းကျင်ခန့်တွင် တီဗွီကြည့်ပြီး ၎င်း၏ နေအိမ်သို့ပြန်လာရာတွင် တစ်ရွာတည်းနေ ထက်အောင် ( ခ ) အော်ကြီးမှ နောက်မှလိုက်လာပြီး ပါးစပ်အားပိတ်ကာ လက်နှစ်ဖက်အား ချုပ်နှောင်ပြီး ရွာအနောက်ဘက် လယ်ကွင်းစပ်သို့ ခေါ်ဆောင်သွားကာ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ထိုနောက် ရွာအတွင်းဘက်ရှိ ခြုံထဲသို့ ထပ်မံဆွဲခေါ်သွားပြီး အော်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ သားမယားအဖြစ် အလိုမတူဘဲနှစ်ကြိမ် ပြုကျင့်ခဲ့ကာ ကျူးလွန်ခံရသူ မ ………… မှာ ခြုံအနီးအိပ်ပျော်သွားကြောင်း မ ……… ၏ မိဘများ ဆွေမျိုး ညီအကိုမောင်နှမများမှ မ ………… အိမ်ပြန်မလာသောကြောင့် လိုက်လံရှာရာတွင် ခြုံအနီးအိပ်ပျော်နေသော မ ……… အား ည ၂ နာရီကျော် ဝန်းကျင်တွင် တွေ့ရှိကြောင်း သိရသည်။

ကျူးလွန်သူတရားခံ ထက်အောင် ( ခ ) အော်ကြီးအား သာပေါင်းမြို့နယ် ဘုရားကုန်းနယ်မြေရဲစခန်းတွင် ပ ၁၆ / ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကာ တရားခံမှာ ထွက်ပြေးတိမ်းရှောင်သဖြင့် ဖမ်းမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိသူများ ပြည်သူများမှ ပူးပေါင်းကြိုးစားဆောင်ရွက်ခဲ့ကာ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။

ညီမျှခြင်း ( သာပေါင်း )
The Ayeyarwaddy Times
https://www.facebook.com/ayetimes/
တီဗီကြည့်ပြီး အိမ်ပြန်လာသူ အမျိုးသမီးအား ၃ ကြိမ်တိုင် သားမယားပြုကျင့်မှု သာပေါင်းမြို့နယ်တွင် ဖြစ်ပွား တီဗီကြည့်ပြီး အိမ်ပြန်လာသူ အမျိုးသမီးအား ၃ ကြိမ်တိုင် သားမယားပြုကျင့်မှု သာပေါင်းမြို့နယ်တွင် ဖြစ်ပွား Reviewed by THITHTOOLWIN on 06:11 Rating: 5
Powered by Blogger.