![]() |
ဝင်တိုက်ခဲ့တဲ့ ကားထဲမှာ သံသယဖြစ်စရာ ကိရိယာတခု တွေ့ခဲ့ပေမယ့် ဖောက်ခွဲရေး ပစ္စည်း ဟုတ်မဟုတ် ကိုတော့ ရဲတွေက အတည်မပြုခဲ့ |
အဲဒီလူဟာ အသက် ၃၉ နှစ် အရွယ် ယူဇဘက်ကစ်စတန် နိုင်ငံသားဖြစ်တယ်လို့လည်း ဆွီဒင် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
အခုလို ကျူးလွန်သူ မောင်းနှင်လာတဲ့ ကုန်ကားဟာ လူအုပ်ထဲကို ဝင်တိုက်ခဲ့ပြီး ဈေးဆိုင်တခုထဲကို ဝင်တိုးခဲ့တဲ့အတွက် လူလေးဦး သေဆုံးခဲ့ပြီး ၁၅ ယောက် ဒဏ်ရာရတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စတော့ဟုမ်း မြို့တော်ဝန် ကော်ရင် ဝမ်းဂါ့ဒ်က 'မနေ့က ဖြစ်စဉ်မှာ အကူညီပေးခဲ့ကြတဲ့ ရဲ၊ မီးသတ်၊ ဆေးရုံတွေ အပြင် အိမ်မပြန်နိုင်တဲ့ သူတွေကို ကိုယ့်အိမ်မှာ ပေးအိပ်ခဲ့ကြတဲ့ မြို့သားတွေကို ကျေးဇူးတင်ပါတယ်' လို့ ပြောဆိုခဲ့ပါတယ်။
အခုလို ဝင်တိုက်ခဲ့တဲ့ ကားထဲမှာ သံသယဖြစ်စရာ ကိရိယာတခု တွေ့ခဲ့ပေမယ့် ဖောက်ခွဲရေး ပစ္စည်း ဟုတ်မဟုတ် ကိုတော့ ရဲတွေက အတည်မပြုခဲ့ပါဘူး။
အခုလို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး ကောက်ချက်ချမှု လုပ်ဖို့ စောသေးတဲ့အပြင် ဆွီဒင်ဟာ ဖော်ရွေပြီး ဒီမိုကရေစီ နည်းကျ ရပ်တည်နေတဲ့ လူ့အဖွဲ့အစည်းအဖြစ် ဆက်ရှိနေမှာပါလို့ အခုလို ဖြစ်ခဲ့တဲ့ နေရာကို သွားရောက်ခဲ့တဲ့ ဆွီဒင် ဝန်ကြီးချုပ် စတီဖင် လော့ဗန်က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
စတော့ဟုမ်းအကြမ်းဖက်မှု ပူးတွဲကျူးလွန်သူ ရှိနိုင်
Reviewed by THITHTOOLWIN
on
19:05
Rating:
