![]() |
ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့ ဧပြီလ ၂၆ ရက်နေ့က ဒေသခံတောင်သူတွေ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဆန္ဒပြနေစဉ်။ Photo: တင့်အောင်စိုး |
ဆန္ဒဖော်ထုတ်မယ့်နေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမရောက်ခင် လမ်းတစ်ဝက်မှာတင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က၀န်ကြီးတွေက ဖြေရှင်းဆောင် ရွက်ပေးဖို့ လာရောက်ဂတိပေးခဲ့တဲ့ အတွက် ဆန္ဒပြဖို့ ရပ်နားခဲ့တယ်လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာက ကိုတင့်အောင်စိုး က ပြောပါတယ်။
"သွားတာနေရာကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ကိုသွားတာ၊ဒါပေမယ့် တိုင်းဒေသကြီး အစိုးရဖွဲ့ကနေမှ လယ်ဆည်ဝန်ကြီးနဲ့ စည်ပင်ဝန်ကြီး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေ လာရောက်ဖြေရှင်း တဲ့အတွက် ကျနော်တို့က ဒါကိုရှေ့ဆက်မလျှောက်ဘဲနဲ့ သူတို့ဖြေရှင်းပေးတာ တကယ်လုပ်မလုပ် ဆိုတာကို စောင့်ကြည့်မယ်ဆိုပြီး ပြည်သူတွေကိုချပြောပြီးတော့ နောက်ပြန်လှည့်ခဲ့တာပေါ့"
စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ၂၃၀၀ ကျော်အတွက် မြေယာလျော် ကြေးအမြန် ဆုံးဖြေရှင်းပေးဖို့၊ ဒေသခံ နေ့စား အလုပ်သမား ၃၀၀ကျော်ကို အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ပေးဖို့ ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဖြေရှင်းပေးဖို့၊ စီမံကိန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီအနေနဲ့ ရရှိတဲ့ အကျိုးအမြတ်ကနေ နှစ်ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးဖို့ ဒေသခံတွေ က တောင်းဆိုခဲ့ကြပါတယ်။
၁၉၈၇ ခုနှစ်လောက်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် ဒေသခံရွာ ၁၁ ရွာက လယ်ယာမြေဧက ၆၀ဝ၀ကျော် အသိမ်းခံခဲ့ရတာဖြစ်ပြီး ဧက ၂၃၀၀ကျော်ကို လယ်ယာမြေလျော်ကြေး ပေးဖို့ ကျန်ရှိနေတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဆားလင်းကြီးမြို့နယ်မှာ ဆန္ဒပြ
Reviewed by THITHTOOLWIN
on
17:30
Rating:
