![]() |
ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်ခုတ်မောင်းလာသော အမေရိကန်လေယာဉ်တင်သင်္ဘော Carl Vinson အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) |
အမေရိကန် တိုက်ခိုက်ရေးရေယာဉ်အုပ်စု U.S. Carl Vinson သည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်း ကိုရီးယားကျွန်းဆွယ်အနီးသို့ ဦးတည်ခုတ်မောင်းလာနေကြောင်း အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာစစ်ဦးစီးချုပ်က ဧပြီလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
မကြာသေးခင်က မြောက်ကိုရီးယားနိုင်ငံမှ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်တွင် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများဖြစ်ပေါ်ခဲ့ရပြီး ယင်းကာလအတွင်းမှာပင် အမေရိကန်တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုသည်၎င်းဒေသထဲသို့  ဦးတည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း နှင့် ၄င်းဒေသတွင် အမေရိကန်နိုင်ငံက အင်အားတိုးချဲ့ ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၏ ပစိဖိတ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris က အဆိုပါစစ်ဆင်ရေးကို တိုက်ရိုက်ကွပ်ကဲနေခြင်းဖြစ်ကြောင်း စစ်သင်္ဘောအုပ်စု၏ အင်တာနက်စာမျက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်ရေးစစ်င်္ဘောအုပ်စုတွင် လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့်အတူ အခြား ဒုံးကျည်ဖျက်စနစ် နှင့် ဒုံးကျည်များ တပ်ဆင်ထားသော စစ်သင်္ဘောများ ပါဝင်ကြောင်း နှင့် ၄င်းတို့ ၏မူလ အစီအစဉ်ဖြစ်သော သြစတြေးလျခရီးစဉ်ကို ပယ်ဖျက်၍ ယခုကဲ့သို့ ပစိဖိတ်အနောက်ဘက်ပိုင်းသို့ ဦးတည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုမြို့ မှ ပစိဖိတ်အနောက်ဘက်ပိုင်းသို့ ဇန်နဝါရီလ ၅ ရက်ကတည်းက ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော သုံးလက ဂျပန်နိုင်ငံရေတပ် ၊ တောင်ကိုရီးယားနိုင်ငံရေတပ်တို့ နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
အမေရိကန်လေယာဉ်တင်သင်္ဘော ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်ခုတ်မောင်းလာ
Reviewed by THITHTOOLWIN
on
18:10
Rating:
