တောင်အာဖရိက၊ ဧပြီ ၂၁ ။
ယနေ့ ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက၊ တောင်အာဖရိနိုင်ငံ ရဲ့ အုပ်ချုပ်ရေးမြို့တော်၊ Pretoria, ရဲ့မြောက်ဖက်၊ ကီလိုမီတာ ၇၀ ခန့် အကွာ၊ Bronkhorstspruit နဲ့Verena, မြို့ အကြား မှာ ဘတ်စ်ကားတစ်စီးမီးလောင် တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်မှာပါလာတဲ့ ကလေးငယ် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း BBC သတင်းမှာဖော်ပြပါတယ်။
ကလေးအများစုဟာ မူလတန်းနဲ့အလယ်တန်းကျောင်းသားတွေ ဖြစ်တယ်လို့ယူဆရပါတယ်။ ဘတ်စ်ကားဟာ ကုန်တင်ယာဉ်တစ်စီးနဲ့ တိုက်မိပြီး တိမ်းမှောက်မီးလောင်ခဲ့တာဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အရေးပေါ်ဆေးကုသရေးဝန်ဆောင်မှုအဖွဲ့ER24 ကတော့ မီးသတ်သမားတွေက မီးကိုငြိမ်းသတ်နိုင်ခဲ့ပြီး၊ ကားထဲမှာ ပိတ်မိနေတဲ့ ကလေးအများအပြားကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
“တစ်ကြိမ်မီးငြှိမ်းသတ်ပြီးတဲ့ အခါမှာ ဆေးကုသရေးဝန်ထမ်းတွေက ကား ထဲ မှာ ပိတ်မိ လဲကျနေတဲ့ ကလေး ၁၃ယောက်လောက်ကို မြင်ရပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ပဲ အဲ ဒီကလေးတွေ ကိုမကယ်တင်နိုင်ခဲ့ပါဘူး။ သူတို့သေဆုံးသွားခဲ့ရပါတယ် “လို့ ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။
ကလေးငယ်အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့ကလေးငယ်တွေကိုမီးလောင်ပျက်စီးသွားတဲ့ကားထဲကနေ ဒရွတ်တိုက်ဆွဲထုတ်ခဲ့ရတာဖြစ်ကြောင်း၊ RTE သတင်းဌာက ရေးသားဖော်ပြပါတယ်။
ယာဉ်မတော်တဆဖြစ်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် ဘတ်စ်ကားဟာလုံးဝနီးပါးမီးလောင်ပျက်စီးခဲ့ရတယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။
PHOTO - BBC
The Asia Heart News
https://www.facebook.com/The-Asia-Heart-News