ရသေ့တောင်မြို့နယ်တွင် တောင်ပေါ်တက် ခရုရှာသော လူ ၂ ဦး ပျောက်ဆုံးနေ

ဓာတ်ပုံ ၊ ရသေ့တောင်မြို့နယ် မေယုတောင်တန်းအား တွေ့ရစဉ်
ဧပြီ ၂၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာအုပ်စု၊ ကျောက်စာတိုင်ကျေးရွာမှ တောင်ပေါ်တက်ပြီး ခရုသွားရှာသော လူ ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးနေသူများသည် အသက် ၆၂ နှစ်အရွယ်အမျိုးသား ၁ ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့က မယူတောင်ပေါ်တက်ကာ ခရုသွားရှာရင်း ပြန်ရောက် မလာဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရဲစခန်းမှ ရဲမှူးဇော်ဝင်းအောင်က ပြောသည်။

ရဲမှူးဇော်ဝင်းအောင်က “ မိသားစုတွေ မနေ့က မယူတောင်ပေါ်တက်ပြီး တောင်ကြောတစ်လျှောက် သွားရှာပါတယ်။ မတွေ့ခဲ့ဘူး။ ကိုးတန်ကောက်ချောင်းမှာ အလောင်းတွေ့တယ်ဆိုတာကလည်း မဟုတ်ပါဘူး။ ကောလာဟလတွေပါ။ အခုအချိန်ထိ ပျောက်ဆုံးနေဆဲပါ ” ဟု ပြောသည်။

ယင်းကျောက်စာတိုင်ကျေးရွာသား ၂ နှစ်ဦးသည် ဧပြီလ ၂၂ ရက်နေ့တွင် ခရုရှာရန် ၄ ရက်စာ ရိက္ခာဖြင့် တောင်ပေါ်တက်သွားခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကျောက်စာတိုင်ကျေးရွာသည် ရသေ့တောင်မြို့နယ်ထဲတွင်ရှိသော်လည်း လောင်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နယ်မြေအထဲတွင်ပါဝင်သဖြင့် ရသေ့တောင်မြို့နယ်ရဲစခန်းမှ အသေးစိတ်အချက်အလက်များကို မရှိကြောင်း ရဲမှူးဇော်ဝင်းအောင်က ဆိုသည်။

ကျောက်စာတိုင်ကျေးရွာမှ ပျောက်ဆုံးသွားသူများ၏ မိသားစုဝင်များအနေဖြင့် ယင်းသို့ မယူတောင်ကြော တစ်လျှောက် ရှာဖွယ်ခဲ့သော်လည်း လုံခြံရေးအခြေအနေကြောင့် နေရာစုံ ၀င်ရောက်မရှာခဲ့နိုင်ကြောင်း ၊ ပျောက်ဆုံး နေသော လူ ၂ ဦးအား ရှာဖွယ်ရာတွင် ကျေးရွာသားများနှင့်အတူ လုံခြုံရေးတာဝန်ရှိသော ရဲတပ်ဖွဲ့ဝင်များပါ လိုက်ပါစေချင်ကြောင်း ကျေးရွာသားများက ပြောသည်။

ထိုကဲ့သို့ တောင်ပေါ်မှနေ ပြန်လည် ရောက်ရှိမလာဘဲ ပျောက်ဆုံးခြင်းနှင့်ပတ်သက်ပြီး ဒေသခံကျေးရွာသားများကြားတွင အသတ်ခံ၍ သေဆုံးသွားကြပြီဟုလည်း သတင်းထွက်ပေါ် လျှက်ရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပျောက်ဆုံး မိသားစုများအနေဖြင့် စေတီပြင်နယ်ခြားစောင့်ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ထားကြောင်း ကျေးရွာသားများက ပြောသည်။

By နေ၀င်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရသေ့တောင်မြို့နယ်တွင် တောင်ပေါ်တက် ခရုရှာသော လူ ၂ ဦး ပျောက်ဆုံးနေ ရသေ့တောင်မြို့နယ်တွင် တောင်ပေါ်တက် ခရုရှာသော လူ ၂ ဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.