![]() |
(ရေနံတင် သင်္ဘော မြဒေးကျွန်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို မြင်တွေ့ရစဉ်) |
တူရကီနိုင်ငံ CEYHAN ဆိပ်ကမ်းမှ ရေနံစိမ်းတင်ဆောင်လာသော တရုတ်ရေနံတင်သင်္ဘောသည် ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းဆိပ်ကမ်းသို့ ဧပြီလ(၉)ရက် နံနက် (၁၀)နာရီခန့်က ၀င်ရောက် ဆိုက်ကပ်သည်ဟုသိရသည်။
UNITED DYNAMIC အမည်ရှိ ရေနံတင်သင်္ဘောသည် တူရကီနိုင်ငံ CEYHAN ဆိပ်ကမ်းမှ ရေနံစိမ်း တန်ချိန် (၁၅၀၀၀၀)ကို တင်ဆောင်လာပြီး ဧပြီလ(၈)ရက်နေ့က ကျောက်ဖြူ ပင်လယ်ဝ(သန္တာကျွန်းမီးပြတိုက်)ရောက်ရှိလာရာ ကျောက်ချရပ်နားခဲ့သည်။
၎င်းသင်္ဘောတွင် ကပ္ပတိန် DRAKOULAKIS CHRISTOS နှင့် သင်္ဘောသား စုစုပေါင်း(၂၆)ဦး ပါဝင်လာကြောင်းသိရသည်။
၎င်းသင်္ဘောကို ဧပြီ(၉)ရက်နေ့ နံနက်(၅)နာရီခန့်တွင် China National Petroleum Corporation-CNPC မှ တွန်းသင်္ဘော(၂)စီး၊ ရေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးမြင့်ခင် ဦးစီးအဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၀န်ထမ်းများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သည့် အဖွဲ့သည် သင်္ဘော(၂)စီးဖြင့် လမ်းကြောင်းရှင်းလင်းခြင်းနှင့် လုံခြုံရေးလိုက်ပါပြီး မီးပြတိုက်အနီးမှ ထွက်ခွာလာရာ နံနက်(၁၀)နာရီတွင် မြဒေးကျွန်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်ရေနံတင်သင်္ဘောမှ ရေနံစိမ်းများကို ဧပြီလ(၁၀)ရက်နေ့တွင် မြဒေကျွန်းဆိပ်ကမ်းရှိ ရေနံစိမ်းသိုလှောင်ကန်ထဲသို့ ရေနံစိမ်းစုပ်တင်ခြင်းများပြုလုပ်သွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူတစ်ဦးကပြောသည်။
ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်လိုင်းသွယ်တန်းထားပြီး မြန်မာအစိုးရက ပိုက်လိုင်းနှစ်လိုင်းဖြတ်သန်းခအတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃.၈သန်းရရှိမည်ဟုသိရပြီး တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် (၂၂)သန်းတင်ပို့သွားမည်ဟုသိရသည်။
ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara
တရုတ်ရေနံတင်သင်္ဘော မြဒေးကျွန်းဆိပ်ကမ်းသို့ စတင်ရောက်ရှိ
Reviewed by THITHTOOLWIN
on
23:44
Rating:
