မောင်တောမြို့နယ်၌ မသင်္ကာသူ ၃ ဦးအား ခေါ်ယူစစ်ဆေးမေးမြန်းရာမှ လူသတ်တရားခံတစ်ဦး ဖော်ထုတ်ဖမ်းဆီးရမိ


ဧပြီ ၅၊ ၂၀၁၇

မောင်တောမြို့နယ်၌ ဧပြီ ၄ ရက်နေ့တွင် မသင်္ကာသူ ၃ ဦးအား နယ်ခြားစောင့် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မေးမြန်းရာမှ ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ လှေဆိပ်၌ ဇာမာဟူဆိန် အား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သူ ဘော်ဒီယာအား ဖော်ထုတ်ဖမ်းဆီးရမိသည်။
-
ဖြစ်စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်ရန်နှင့် ထွက်ပြေး လွတ်မြောက်သွားသူများအား ဖမ်းဆီးနိုင်ရေးအတွက် မောင်ကြီးတောင်ကျေးရွာအတွင်း ကင်းလှည့်စဉ် မောင်ကြီးတောင်အလယ်ရွာနေ ဘော်ဒီယာ (၂၀) နှစ်ပါ ၃ ဦးအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေး မေးမြန်းရာမှ ဘော်ဒီယာသည် မောင်ကြီးတောင်ကျေးရွာနေ ဇာမာဟူဆိန်အား မတ် ၅ ရက်က သတ်ဖြတ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် တရားစွဲတင်ရန် ဆောင်ရွက်လျက်ရှိသည်။
-
၎င်းနှင့်အတူ ခေါ်ယူစစ်ဆေးမေးမြန်ခဲ့သည့် မောင်ကြီးတောင်အလယ်ရွာနေ မာမတ်အာမိန် (၂၅)နှစ်နှင့် ကော်လီမူလ္လာ (၂၂)နှစ်တို့ နှစ်ဦးသည် ပုဒ်မ ၁၄၄ အား ဖောက်ဖျက်သဖြင့် ဧပြီ ၅ ရက်တွင် မောင်တောမြို့နယ်တရားရုံးသို့ တရားစွဲတင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မောင်တောမြို့နယ်၌ မသင်္ကာသူ ၃ ဦးအား ခေါ်ယူစစ်ဆေးမေးမြန်းရာမှ လူသတ်တရားခံတစ်ဦး ဖော်ထုတ်ဖမ်းဆီးရမိ မောင်တောမြို့နယ်၌ မသင်္ကာသူ ၃ ဦးအား ခေါ်ယူစစ်ဆေးမေးမြန်းရာမှ လူသတ်တရားခံတစ်ဦး ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.