တစ်နိုင်ငံလုံး အပူချိန်မြင့်တက်မှု ခန့်မှန်းချက်များ


ယနေ့၊ ဧပြီလ ၁၁ ရက်နေ့အတွက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ တစ်နိုင်ငံလုံး အပူချိန်မြင့်တက်မှု ခန့်မှန်းချက်များ ဖြစ်ပါသည်။

အပူဒဏ် ရှောင်နိုင်ရန်အလို့ငှာ -

(၁) နေပြင်းပြင်းပူသော အချိန်များတွင် အပြင်ထွက်ပါက ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ မဖြစ်မနေ ဆောင်ပါ။

(၂) အပြင်မှ ပြန်လာလျှင် ချက်ချင်း ရေချိုးခြင်း၊ ရေလောင်းခြင်းများ ရှောင်ပါ။

(၃) နေပြင်းပြင်းပူသော နေ့လည်ပိုင်းများတွင် ရေချိုးခြင်း သတိပြုပါ။

(၄) အပူစုပ်စေသော အမည်းရောင်၊ အညိုရောင်၊ အပြာရောင် စသည့် အရောင်ရင့်ရင့် အဝတ်အစားများ၊ နိုင်လွန်၊ ပိုးချည် အဝတ်အစားများ ရှောင်ပါ။

(၅) အပူမစုပ်ဘဲ အေးစေသော ချည်ထည်၊ အဖြူကဲ့သို့ အရောင်လွင်လွင်၊ ပွပွချောင်ချောင် အဝတ်အစားများ ဝတ်ဆင်ပါ။

(၆) အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းများ ရှောင်ပါ။

(၇) အပူဒဏ်ပြင်းလွန်းနေသော အချိန်တွင် ရေခဲရေ သောက်သုံးမှုများ သတိပြုပါ။

၁၀-၄-၂၀၁၇ ရက်နေ့ ထူးခြားသည့် နေ့အပူချိန်များ

ချောက်မြို့ ၄၆ ဒီဂရီစင်တီဂရိတ်
ညောင်ဦးမြို့၊ မကွေးဖြို့ ၄၄ ဒီဂရီစင်တီဂရိတ်
ဂန့်ဂေါမြို့ ၄၄ ဒီဂရီစင်တီဂရိတ်
မုံရွာမြို့၊ မြင်းခြံမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
မန္တလေးမြို့၊ မြင်းမူမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
မင်းဘူးမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
တောင်တွင်းကြီးမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
ပေါက်မြို့ ၄၃ ဒီဂရီစင်တီဂရိတ်
ဆင်ဖြူကျွန်းမြို့ ၄၃ ဒီဂရီစင်တီဂရိတ်

State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom/
တစ်နိုင်ငံလုံး အပူချိန်မြင့်တက်မှု ခန့်မှန်းချက်များ တစ်နိုင်ငံလုံး အပူချိန်မြင့်တက်မှု ခန့်မှန်းချက်များ Reviewed by THITHTOOLWIN on 14:51 Rating: 5
Powered by Blogger.