မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁-၈၂ လမ်းကြား၊ ၃၀-၃၁ လမ်းကြား၊ ရီရီဓာတ်ပုံတိုက်ဝင်းအတွင်းရှိ အိမ်အမှတ် ၃၇၉ ၌ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြင့်ယဉ်မှာ ဓားထိုးဒဏ်ရာဖြင့် သေဆုံးနေကာ ငွေကျပ် သိန်းသုံးရာကျော် ပျောက်ဆုံးနေသည်ကို ဧပြီ ၈ရက် မွန်းလွဲ ၃နာရီအချိန်ခန့်က တွေ့ရသည့်အတွက် ရဲတပ်ဖွဲ့သို့ သတင်းပို့ တိုင်ကြားရာ နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေအိမ်သို့ ရောက်ရှိစစ်ဆေးနေကြောင်း သတင်းရရှိသည်။
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့တွင် လူသတ်မှုဖြစ်ပွားပြီး သိန်းသုံးရာကျော် ပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
18:47
Rating:
