ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


၁၂-၄-၂၀၁၇

(၁၁-၄-၂၀၁၇)ရက်နေ့(၁၀၃၀)အချိန် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော် ကျေးရွာ နေ ဦးမျိုးမြင့် (၄၆)နှစ်၊ (ဘ)ဦးကြည်စိန် ၏ အလျှား(၂၀)ပေ၊ အနံ(၂၇)ပေ၊ အမြင့်(၁၈)ပေရှိ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း၊ နှစ်ထပ်နေအိမ် တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုနှင့်ပတ်သက်၍ ကျွန်းစုမြို့မ ရဲစခန်းမှူး ဒုရဲမှူး ညွန့်ဝင်း နှင့် ကျွန်းစုမြို့နယ် မီးသတ် ဒုဦးစီးမှူး ဦးအောင်ဇော်ဦး တို့အဖွဲ့မှ သွားရောက် စစ်ဆေးရာ ဦးမျိုးမြင့်၏ နေအိမ်ခေါင်မိုး ပေါ်တွင် တင်ထားသော W 150နှင့် W 300 ရှိ ဆိုလာပြားများ အပူရှိန်မြင့်မားပြီး မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်အပေါ်ထပ် အနောက်ဘက် အခန်းအတွင်းမှ မီးခိုးများ ထွက်နေ သည်ကို အိမ်အနီးနားချင်းမှတွေ့မြင်သဖြင့် ရွာသူ/ သားများဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မီးငြိမ်းသွား ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားစဉ် နေအိမ်တွင် ဦးမျိုးမြင့်၏ ဇနီးဖြစ်သူ ဒေါ်စံပယ်(၄၅)နှစ်၊(ဘ) ဦးလွန်းအောင် မှာ နေအိမ်မှ ဥယျာဉ်ခြံအတွင်း ထွက်သွားကြောင်း၊ ဦးမျိုးမြင့်မှာလည်း ကျွန်းစုမြို့သို့ ရောက်ရှိ နေကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် (၁၂၁၅၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုလာပြားများအား ပေါ့ဆစွာ အားသွင်းထားခဲ့သူ ဒေါ်စံပယ်အား ဥပဒေအရ အရေးယူပေးရန် (၁၁-၄-၂၀၁၇)ရက်နေ့ (၁၆၄၅)အချိန် မီးသတ် ဒုဦးစီးမှူး ဦးအောင်ဇော်ဦး မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျွန်းစုမြို့မ ရဲစခန်း(ပ)၁၀၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်ပြီး အမှုအား ရဲအုပ် ဇော်ဇော်ဦးမှ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

မြိတ်ခရိုင် သတင်းနှင့် မှုခင်းမီဒီယာ
ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.