အကျဉ်းထောင် ပို့စဉ် တရားခံ ၂ ဦး အချုပ်ကားဖောက် ထွက်ပြေးမှုဖြစ်ပွား


နေပြည်​​တော်​၊ဧပြီ ၁၁

နေပြည်တော်၊ ပျဉ်းမနားအချုပ်မှ ရမည်းသင်းအကျဉ်းထောင်သို့ တရားခံများပြန်လည်ပို့ဆောင်စဉ် တရားခံ နှစ်ဦး အချုပ်ကား သံဇကာဖောက် ထွက်ပြေးမှုဖြစ်ပေါ်ခဲ့သည်။

ပျဉ်းမနားအချုပ်မှ ရမည်းသင်းအကျဉ်းထောင်သို့ တရားခံ ကျား (၈၇)ဦးနှင့် မ (၇)ဦးတို့အား ပြန်လည်ပို့ဆောင်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့ ညနေ (၈) နာရီ ၀န်းကျင် အချိန် ပျဉ်းမနား အချုပ်မှ ရမည်းသင်းအကျဉ်းထောင်သို့ အပြန် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင် အမှတ် (၂၇၅) အရောက်တွင် အချုပ်ကားဖောက် ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


တရားခံ ၂ ဦးမှာ အသက် ၂၀ ၀န်းကျင်ရှိသူများသာဖြစ်ပြီး၊တပ်ကုန်းမြို့မရဲစခန်း(ပ) ၂၀၀/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အမှုဖြင့် တရားခံ အသက်(ခ) ဇော်မျိုး (ခ) ကုလား နှင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း (ပ)၁၁၇/၁၇၊ (ပ)၁၁၈/၁၇၊ (ပ)၁၂၂/၁၇၊ (ပ)၁၂၃/၁၇၊ (ပ)၁၂၄/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အမှုဖြင့် တရားခံ ငြိမ်းချမ်းအောင်(ခ) သီဟ တို့ဖြစ်သည်။

တရားခံများပြန်လည်ဖမ်းဆီးရရှိနိုင်ရေးအတွက် ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းတွင် လှည့်ကင်းများချမှတ်ဆောင်ရွက်စဉ် အခင်းဖြစ်ပွားချိန်အပြီး ၃ နာရီအတွင်း တရားခံ ငြိမ်းချမ်းအောင် (ခ) သီဟ အားပြန်လည်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ကြယ်စင်ခ
Central News Myanmar
https://www.facebook.com/CNMyanmar
အကျဉ်းထောင် ပို့စဉ် တရားခံ ၂ ဦး အချုပ်ကားဖောက် ထွက်ပြေးမှုဖြစ်ပွား အကျဉ်းထောင် ပို့စဉ် တရားခံ ၂ ဦး အချုပ်ကားဖောက် ထွက်ပြေးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.