လူအုပ်​စုဖြင့်​ အိမ်​တွင်းဝင်​​ရောက်​ကာ ရွှေ​၊ ​ငွေ၊ လက်​ဝတ်​ရတနာများ ရှာ​ဖွေယူ​​ဆောင်​မှု ဖြစ်​ပွား


မန္တ​လေးမြို့ ချမ်းမြသာစည်​မြို့နယ်​ မြို့သစ်​(၁)ရပ်​ကွက်​ ၆၂လမ်း၊ သိပ္ပံလမ်းနှင့်​ ပိ​တောက်​လမ်းကြားရှိ အိမ်​အမှတ်​ (--) ​နေအိမ်​အ​ဆောက်​အဦးအတွင်းသို့ ဧပြီ ၇ရက်​ မွန်းလွဲ ၁နာရီခွဲခန့်​က လူများဝင်​​ရောက်​လာကာ အိမ်​ရှင်​မိသားစုကို အပြင်​မထွက်​နိုင်​ရန်​ ခြံတံခါး​သော့ခတ်​ခံထားရ​ကြောင်း အိမ်​ရှင်​၏သမီးမှ ရဲစခန်းသို့ မွန်းလွဲ ၂:၄၅နာရီ အချိန်​က ဖုန်းဆက်​တိုင်​ကြား​သည်​။

ဖြစ်​စဉ်​မှာ အိမ်​ခြံ​မြေကုမ္ပဏီတစ်​ခုမှ ရှယ်​ယာရှင်​များက အဆိုပါကုမ္ပဏီ၏ ဒါရိုက်​တာ​နေထိုင်​သည်​ဟုဆို​သော ​နေအိမ်​အတွင်းဝင်​​ရောက်​ကာ ​ရှယ်​ယာများပြန်​ထုတ်​​ပေးရန်​ တွေ့ဆုံခွင့်​ ​တောင်းခံရာ မ​တွေ့ရသည့်​အတွက်​ အိမ်​ထဲဝင်​​ရောက်​ရှာ​ဖွေကြပြီး အိပ်​ခန်းများအတွင်းရှိ ရွှေ​၊ ​ငွေ၊ လက်​ဝတ်​ရတနာများကို ယူ​ဆောင်​သွားရန်​ လုပ်​​ဆောင်​ခြင်းဖြစ်​​ကြောင်းသိရသည်​။


တိုင်းကြားချက်​အရ ချမ်းမြသာစည်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူးစံသူ၊ အမှတ်​ (၁၁) နယ်​​မြေရဲစခန်း စခန်းမှူး ရဲအုပ်​ဝင်းဗိုလ်​နှင့်​ တပ်​ဖွဲ့ဝင်​များ၊ မြို့သစ်​(၁)ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးနှင့်​ အဖွဲ့တို့ သွား​ရောက်​​စစ်​​ဆေးကာ ဥပ​ဒေမဲ့လုပ်​ရပ်​များ မလုပ်​ရန်​၊ ငွေ​ရေး​ကြေး​ရေး ရစရာရှိသည်​များကို ဥပ​ဒေအတိုင်း ​ဖြေရှင်းကြရန်​​ ညှိနှိုင်း​ပေးကြောင်း သတင်းရရှိသည်​။

ဆူးလှည်း
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
လူအုပ်​စုဖြင့်​ အိမ်​တွင်းဝင်​​ရောက်​ကာ ရွှေ​၊ ​ငွေ၊ လက်​ဝတ်​ရတနာများ ရှာ​ဖွေယူ​​ဆောင်​မှု ဖြစ်​ပွား လူအုပ်​စုဖြင့်​ အိမ်​တွင်းဝင်​​ရောက်​ကာ ရွှေ​၊ ​ငွေ၊ လက်​ဝတ်​ရတနာများ ရှာ​ဖွေယူ​​ဆောင်​မှု ဖြစ်​ပွား Reviewed by THITHTOOLWIN on 05:15 Rating: 5
Powered by Blogger.