အရှိန်အထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ယာဉ်ကိုဝင်တိုက်


ညောင်လေးပင် ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာအနီးတွင် ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲခန့်က အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ယာဉ်ကိုဝင်တိုက်၍ မှောက်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်း မိုင်တိုင်အမှတ် (၁ဝ၃/၁) အရောက်တွင် ယာဉ်မောင်း အောင်ကို (၂၆)နှစ် ကူမဲမြို့ မြစ်သားမြို့နယ် နေထိုင်သူမောင်းနှင်လာသော ရန်ကုန်မှ မန္တလေး သို့ သကြားများတင်ဆောင်လာသည့် ယာဉ်အမှတ် 2L/----- SAN (နီညို ရောင်) ၁၂ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ရောက်ရှိ သွားပြီး မျက်နှာချင်းဆိုင်မှ မန္တလေးမှရန်ကုန်သို့ နှီးများတင်ဆောင်လာသည့် ယာဉ်မောင်း ဦးသံလွင်အောင်(၃၅)နှစ် (၁၃)ရပ်ကွက် လှိုင်သာယာမြို့နယ် နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 1L/----TITEN အမျိုးအစားယာဉ် အား ဝင်ရောက်တိုက်မိပြီး လဲကျတိမ်းမှောက်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် 1L/---ယာဉ်ပေါ်တွင် ပါလာသည့် ဦးသောင်းမြင့်ဦး (၄၅)နှစ်၊ ဦးဝင်းနိုင်(၃၅)နှစ်၊ ဦးလှဌေး၊ ဒေါ်ခင်မြင့် (၄၅)နှစ်တို့ ဒဏ်ရာ(မစိုး ရိမ်ရ)ရရှိခဲ့ပြီး ယာဉ်မောင်းဦးမြင့်ဦးတွင် (စိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိကာ ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ကုသမှုခံယူလျက်ရှိသည်။

သို့ပါ၍ ယာဉ်မောင်းအောင်ကိုအား ညောင်လေးပင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နေလင်း (ညောင်လေးပင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အရှိန်အထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ယာဉ်ကိုဝင်တိုက် အရှိန်အထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ယာဉ်ကိုဝင်တိုက် Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.