နောက်ကြောင်းပြန် အရေးယူဖို့ မရှိ

နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို နေပြည်တော်မှာ ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ အစိုးရဝန်ကြီးဌာန ၄ ခုရဲ့ ပထမတစ်နှစ်တာကာလ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ Photo: Win Naung Toe/RFA
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၁၇၀၀ ကျော်ကို အရင်ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအတွက် သုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နောက်ကြောင်း ပြန်သွားဖို့ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဝန်ကြီးဌာန ၄ ခုရဲ့သတင်းစာရှင်းလင်းပွဲမှာ ငွေကျပ် သန်း တစ်ထောင့်ခုနှစ်ရာကိစ္စကို သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခု လို ဖြေပါတယ်။

အဲဒီငွေကို မကွေးတိုင်းဒေသကြီးအစိုးရထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့က ပြော ထားပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကျန်းမာရေးနဲ့ အားကစား၊ တိုင်းရင်း သားရေးရာနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနတွေက တစ်နှစ်တာ ဆောင်ရွက်မှုတွေကို ရှင်းပြခဲ့တာ ဖြစ် ပါတယ်။

ဦးဘုန်းမော်ရွှေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ၅ နှစ် တာဝန် ယူခဲ့သူဖြစ်ပြီး လက်ရှိမကွေးတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးမြန်းရာကနေ အဲဒီငွေကြေး ကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နောက်ကြောင်းပြန် အရေးယူဖို့ မရှိ နောက်ကြောင်းပြန် အရေးယူဖို့ မရှိ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.