ပေါက်တောမြို့နယ်တွင် ရဲတပ်သားတစ်ဦးနှင့် သေနတ် အပြန်အလှန် လုကြရာ လူတစ်ဦးသေဆုံး


ပေါက်တော၊ ဧပြီလ ၎

ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက အရပ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်အပြန်အလှန်လုကြရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်နှင့်အပစ်ခံရသူသည် ယနေ့ နံနက် ၂ နာရီခန့်မှာ ပေါက်တောဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်မှာ ကျောက်စုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်စုလုံခြုံရေးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ်တွင် ဆဲဆိုရမ်းကားနေသောကြောင့် ဖမ်းဆီးပြီး ရဲကင်းသို့ ခေါ်ဆောင်လာစဉ် လမ်းတွင် နတ်ရှင်ဒေသခံဖြစ်သည့် ဦးမောင်ဖြူဒေါင်း(အသက် ၂၉ နှစ် )က ရဲတပ်သား ထွန်းလင်းကိုင်ဆောင်သည့် ကျဉ်ထိုးထားသော သေနတ်ကို လုရာတွင် မောင်းခလုတ်ကို ဆွဲမိရာမှ သေနက်တစ်ချက် ပေါက်ထွက်ခဲ့သဖြင့် ဦးမောင်ဖြူဒေါင်း၏ ဝမ်းဗိုက်တွင် ကျဉ်ဆံထိမှန်ခဲ့ပြီး ပေါက်တောဆေးရုံတွင် ဆေးကုသနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပေါက်တောမြို့ မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြောသည်။

ဓာတ်ပုံ-RMC
Development Media Group
https://www.facebook.com/dmgnewsagency/
ပေါက်တောမြို့နယ်တွင် ရဲတပ်သားတစ်ဦးနှင့် သေနတ် အပြန်အလှန် လုကြရာ လူတစ်ဦးသေဆုံး ပေါက်တောမြို့နယ်တွင် ရဲတပ်သားတစ်ဦးနှင့် သေနတ် အပြန်အလှန် လုကြရာ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.