ဧပြီ ၆၊ ၂၀၁၇
ရှော်ဘီဟူလ္လာနှင့်ဇနီး အောယေရှားခါတူတို့က ဆဲဆိုနေသော အိမ်နီးချင်းအား ကျေးရွာအုပ်ချုပ် ရေးမှူးထံတိုင်ကြားသဖြင့် အိမ်နီးချင်းက မကျေနပ်သဖြင့် တုတ်ဖြင့်ဝိုင်းရိုက်၍ လူတစ်ဦး သေဆုံးမှု ဖြစ်ပွားသည်။
-
ဧပြီ ၄ ရက် ညနေ ၅နာရီကျော်တွင် ကလေးချင်းစကားများရန်ဖြစ်သည်ကို မကျေနပ်၍ ဆဲဆိုနေသော အိမ်နီချင်း ဇော်နာလိုပိုဒိန် (ခ)ဟာဘီအား ဘူးသီးတောင်မြို့နယ် ခဲဝါကျေးရွာနေ ရှော်ဘီဟူလ္လာနှင့်ဇနီး အောယေရှားခါတူတို့ နှစ်ဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားပြီး နေအိမ်သို့ပြန်လာရာ ဦးလှဖေကြီးရွာနှင့် ခဲဝါရွာအကြား လယ်ကွင်းပြင်တွင် ဇော်နာလိုပိုဒိန် (ခ) ဟာဘီပါ ၅ ဦးက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသည့်ကိစ္စအားမကျေနပ်၍ သံတူရွင်း၊ တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ကြသည်။
-
ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် အောယေရှားခါတူသည် လက်ယာဘက် တံတောင်ဆစ်၊ လက်ဝဲ လက်ယာ ခြေဖမိုးဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိပြီး ရှော်ဘီဟူလ္လာသည် နှာခေါင်း၊ လက်ယာပခုံး၊ လက်သူကြွယ် သွေးထွက်ဖူးရောင်ပေါက်ပြဲဒဏ်ရာ တို့ရရှိခဲ့သဖြင့် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့သည်။
-
ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားသဖြင့် မကျေနပ်၍ တုတ်ဖြင့်ဝိုင်းရိုက်မှုကြောင့် လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
18:12
Rating:
