ပဲခူး၊ ရွှေစေတီဘုရားလမ်းတွင် ဓါးထိုးမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး


ပဲခူးမြို့မှာ ဧပြီ(၁၃)ရက် ည(၁၀)နာရီခွဲအချိန်က မဇင်းရပ်ကွက်၊ အိုးလေးစု၊ ရွှေစေတီဘုရားလမ်းမှာ လမ်းသူ လမ်းသားအချင်းချင်း စကားများရာကနေ ဓားထိုးမှုဖြစ်ပွားပြီး အသက်(၅၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အခင်း ဖြစ်ပွားရာနေရာမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ ဧပြီ(၁၃)ရက် ည(၁၀)နာရီခွဲအချိန်က ရွှေစေတီဘုရားလမ်းမှာနေထိုင်သူ အသက်(၂၈)နှစ်အရွယ်ရှိ ဇင်ဘိုဘိုနိုင်ဟာ ဒေါ်ဌေးဌေးနိုင်နေအိမ်ရှေ့မှာ မူးယစ်ဆဲဆိုခဲ့ရာက အချင်းများခဲ့ကြပြီး ဇင်ဘိုဘိုနိုင်က အရိုးအသွားအရှည်(၁၀)လက်မရှိတဲ့ဓါးနဲ့ ဒေါ်ဌေးဌေးနိုင်ကို ထိုးလိုက်တာကြောင့် ဝမ်းဗိုက်ဓါးဒဏ်ရာနဲ့ အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ပဲခူးမြို့အမှတ်(၂)နယ်မြေရဲစခန်းရဲမှတ်တမ်းများအရ သိရပါတယ်။


 လူသတ်မှုကျူးလွန်သူဇင်ဘိုဘိုနိုင်ဟာထွက်ပြေးတိမ်းရှောင်သွားရာမှဧပြီ(၁၄)ရက်နေ့လယ်ပိုင်းမှာပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှာဆေးကုသမှုခံယူနေကြောင်းဆေးရုံတာဝန်ရှိသူတွေနဲ့ပတ်ဝန်းကျင်မှသတင်းပေးချက်အရပဲခူးမြို့အမှတ်(၂)ရဲစခန်းတာဝန်ရှိသူတွေကသွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

လက်ရှိပဲခူးမြို့၊အမှတ်(၂)နယ်မြေရဲစခန်းက ဓားနဲ့ထိုးသူ ဦးဇင်ဘိုဘိုနိုင်ကို ပုဒ်မ(၃၀၂)ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုး ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ