အမြန်လမ်းတွင် ရှေ့မှမောင်းနှင်နေသော ခရီးသည်တင်ယာဉ်ကို နောက်မှမောင်းလာသော ခရီသည်ယာဉ်ဝင်တိုက် တစ်ဦးသေဆုံး


နေပြည်တော် ဧပြီ ၂၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၄၃/၄နှင့်၅ အကြား မန္တလေး ဘက် မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်မျိုးထက်မောင်နှင် လာသော ပြည့်ဖြိုးအောင် express ခရီးသည်တင်ယာဉ်သည် ဧပြီလ ၂၂ ရက်နေ့ ယနေ့နံနက် ၁ နာရီခွဲက အရှိန်မထိန်းနိုင်ဘဲ အရှေ့မှယာဉ်မောင်း ဦးအောင်ကျော်ဇံ မောင်းနှင်နေ သည့် ဒို့ညီနောင် express ခရီးသည်တင် ယာဉ်အား နောက်မှ ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်ကြောင့် ဒို့ညီနောင် express ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ၄၅ ဦး အနက် အမျိုးသားတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ပြည့်ဖြိုးအောင် express ခရီးသည်တင်ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ၆၀ ဦး အနက် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၂ ဦး ပေါင်း ၂၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။


ထို့အပြင် ဒို့ညီနောင် express ယာဉ်မှာ ကျပ်သိန်း ၅၀ ဖိုးခန့် ပျက်စီးခဲ့ပြီး ပြည့်ဖြိုးအောင် express ယာဉ်မှာ ကျပ် ၂၅ သိန်းခန့် ပျက်စီးသွားကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့်သေဆုံးသွားသော အလောင်းနှင့် ဒဏ်ရာ ရရှိ သူများ အား ပေပင်လေးရဲစခန်းမှ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ညောင်ကုန်း တိုက်နယ်ဆေး ရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

သို့ပါ၍ ယာဉ်ကို မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ပြည့်ဖြိုးအောင် express ယာဉ်မောင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထား ကြောင်းသိရသည်။

ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

အမြန်လမ်းတွင် ရှေ့မှမောင်းနှင်နေသော ခရီးသည်တင်ယာဉ်ကို နောက်မှမောင်းလာသော ခရီသည်ယာဉ်ဝင်တိုက် တစ်ဦးသေဆုံး အမြန်လမ်းတွင် ရှေ့မှမောင်းနှင်နေသော ခရီးသည်တင်ယာဉ်ကို နောက်မှမောင်းလာသော ခရီသည်ယာဉ်ဝင်တိုက် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.