စေတီပြင်ဗလီမီးလောင်မှု မော်လဝီဆရာအား အမှုဖွင့်


 ဧပြီ ၂၆

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ ဗလီတစ်လုံးမီးလောင်မှုတွင် တာဝန်ရှိသူ မော်လဝီဆရာအား အမှတ်(၃) နယ်ခြားစောင့် တပ်ခွဲစခန်းမှ ရဲအုပ် ရဲထွန်းနိုင်က တရားလိုပြုလုပ်ကာ ရသေ့တောင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါဗလီမှာ ဧပြီလ ၂၅ ရက်နေ့ ညနေ ၁၁ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းဗလီမှ တာဝန်ရှိသူ မော်လဝီဆရာ အဒူမာလိုင် (၃၂)နှစ်အား (ပ) ၁၆/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရဲစခန်းမှ ရဲမှူးဇော်ဝင်းအောင်က ဆိုသည်။


“သူတို့က ဗလီတက်ပြီးတော့ ပြန်ကြတဲ့အခါ ဖယောင်းတိုင်မီးကိုမသတ်ခဲ့ဘဲ ဒီအတိုင်းသော့ပိတ်ပြီး ပြန်သွားကြတယ်။ ဗလီမှာ အစောင့်လည်းမထားကြဘူး။ ထွေထွေထူးထူးတော့ ဖြစ်သွားတာ မဟုတ် ပါဘူး၊ အခုတော့ တာဝန်ရှိတဲ့သူတွေကို အမှုဖွင့်ထားတယ်” ဟု ရဲမှူး ဇော်ဝင်းအောင်က ပြောသည်။

ထိုသို့ မီးလောင်မှုကြောင့် ဗလီအတွင်းရှိ ကြမ်းခင်းကော်ဇော၊ စာရွက်စာတန်းများနှင့် အဝတ် အထည်များထည့်ထားသည့် သေတ္တာတစ်လုံး ပျက်စီးဆုံးရှူံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခိုင်မင်းညို(ကျိန်းရိပ်မြေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စေတီပြင်ဗလီမီးလောင်မှု မော်လဝီဆရာအား အမှုဖွင့် စေတီပြင်ဗလီမီးလောင်မှု မော်လဝီဆရာအား အမှုဖွင့် Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.