ကိုရီးယားအရေး တရုတ်သတိပေး

 မြောက်ကိုရီးယားမှာ နျူးကလီးယားဗုံးထပ်စမ်းဖို့ ကိစ္စကို ခေါင်းဆောင် ကင်ဂျုံ အွန်က လုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အချိန်မရွေး လုပ်မယ်လို့ မြောက်ကိုရီးယားက ကြေညာအပြီးမှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာ
ကိုရီးယားကျွန်းဆွယ်က အခြေအနေ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ ဖြစ်လာရင် ဘယ်သူမှ အမြတ်မထွက်နိုင်ဘူးလို့ တရုတ်ဘက်က သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ တဖက်နဲ့တဖက် မခံချင်အောင် ဆွနေတာတွေကို ရပ်ကြဖို့ လိုပြီး ထိန်းမနိုင် သိမ်းမရ အခြေအနေအထိ ရောက်မသွားဖို့ လိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက သတိပေးလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ နျူးကလီးယားဗုံးထပ်စမ်းဖို့ ကိစ္စကို ခေါင်းဆောင် ကင်ဂျုံ အွန်က လုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အချိန်မရွေး လုပ်မယ်လို့ မြောက်ကိုရီးယားက ကြေညာအပြီးမှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို တရုတ်က ကိုင်တွယ်နိုင်မယ်လို့ အမေရိကန်က ယုံကြည်ပေမယ့် ဒီလို မဖြစ်ခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်တွေက ကိုင်တွယ်သွားမယ်ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ တွစ်တာမှာ ပြောဆိုချက်တွေကိုလည်း မြောက်ကိုရီးယားက ပြန်လည် ဝေဖန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကိုရီးယားအရေး တရုတ်သတိပေး ကိုရီးယားအရေး တရုတ်သတိပေး Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.