လှိုင်သာယာတွင် အမွှေးတိုင်မီးမှ ကူးစက်လောင်ကျွမ်းမှုဖြစ်


ရန်ကုန် ဧပြီ ၁ဝ

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၂)ရပ်ကွက် ဗထူး(၃)လမ်း တွင် နေအိမ်သုံးလုံးမီးလောင်သွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၈နာရီ ၅ မိနစ်ခန့်တွင်လှိုင်သာယာမြို့နယ် အမှတ်(၂)ရပ်ကွက် ဗထူး(၃)လမ်း မီးလောင်နေကြောင်း သတင်းအရ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင်စိုး၊ စခန်းမှူးဒုရဲမှူး ဝင်းနိုင်၊ နယ်ထိန်းအရာရှိ ဒုရဲအုပ် ကျော်ခိုင်သက်တပ်ဖွဲ့ဝင်များ၊ ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီး မှူး ဦးမြင့်ဦးပါ ၈၅ ဦးနှင့် အရန် အင်အား ၇၅ဦးတို့သည် မီးသတ် ကား ၁၂စီး၊ အုပ်ချုပ်မှုယာဉ်တစ် စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ် ခဲ့ရာ နံနက်၈နာရီ မိနစ် ၂ဝတွင် မီးငြိမ်းသွားခဲ့သည်။

 မီးစတင်လောင် ကျွမ်းရသည့်အကြောင်းအရင်းမှာ ဗထူး(၃)လမ်းအိမ်အမှတ် (၆၅) နေ ဒေါ်မချို(ခ)ဒေါ်ရီရီချိုနေအိမ် မှ ဘုရားစင်တွင် အမွှေးတိုင်များ ပူဇော်ထားရှိရာ ဘုရားစင်အောက် ရှိခြင်ထောင်နှင့်မွေ့ရာများပေါ်သို့ အမွှေးတိုင်မီးကျရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ် ဆေးပေါ်ပေါက်ခဲ့သည်။

 မီးလောင် ကျွမ်းမှုကြောင့် နေအိမ်သုံးလုံး မီး လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၃၇ဝဝဝဝ ခန့်ဖြစ် ကြောင်း စစ်ဆေးရရှိသဖြင့် စတင် မီးလောင်ကျွမ်းခဲ့သည့် ဗထူး(၃) လမ်း အိမ်အမှတ်(၆၅)နေ ဒေါ်မချို (ခ) ဒေါ်ရီရီချို(၄၆နှစ်)အား လှိုင် သာယာမြို့မရဲစခန်း တာဝန်ကျ တာဝန်မှူး ဒုရဲအုပ်ခင်မောင်ဇော်က အမှုဖွင့်တိုင်ကြားရာ ဒေါ်မချို(ခ) ဒေါ်ရီရီချိုအား လှိုင်သာယာမြို့မရဲ စခန်းက(ပ)၁၂၁၉/၂ဝ၁၇ရာဇသတ် ကြီး ဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

စွန်ရဲ(လှိုင်သာယာ)
The Union Daily
https://www.facebook.com/uniondaily.net/
လှိုင်သာယာတွင် အမွှေးတိုင်မီးမှ ကူးစက်လောင်ကျွမ်းမှုဖြစ် လှိုင်သာယာတွင် အမွှေးတိုင်မီးမှ ကူးစက်လောင်ကျွမ်းမှုဖြစ် Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.