မန္တလေး ဧပြီ ၆
မန္တလေးတိုင်း ဒေသကြီး မန္တလေးတောင်အဆင်းလမ်း၌ ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က သမီးရည်းစားစုံတွဲထံမှ ရွှေ၊ ငွေနှင့် ဖုန်းတို့အား လုယက် မှုဖြစ်ပွားခဲ့သည်။
မန္တလေးတောင်အဆင်းလမ်း ပတ္တမြားတောင်စေတီအနီး ထိုင်စကားပြောနေသော သမီးရည်းစားစုံတွဲထံမှ မောင်းချဓား ကိုင်ပြီး ရွှေဆွဲကြိုး၊ ဖုန်း၊ ပိုက်ဆံအိတ်များ လုယူသွားခြင်းဖြစ်သည်။
အဆိုပါ လုယက်မှုအား တာဝန်သိပြည်သူများက ဖုန်းဖြင့်ဆက်သွယ်သတင်းပေးချက်အရ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များက ချက်ချင်းစု၍ မန္တလေးတောင်ခြေအနီး ဝန်းကျင်လိုက်လံစုံစမ်းခဲ့ကြောင်းသိရသည်။
စုံစမ်းရာတွင် မသင်္ကာသူ လူငယ်တစ်ဦးအား မမဦးနတ်နန်းအနီး၌ တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ သိန်းဇော်ဝင်း(၂၄ နှစ်) ရွှေကျင်သံလမ်းအနီး ပုသိမ်ကြီးမြို့နယ်နေသူဖြစ်ပြီး ပစ်မှုကျူးလွန်သူ ဖြစ်ကြောင်းသိရပါသည်။
၎င်းပြစ်မှုကျူးလွန်ခဲ့သည့် ပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး ဆက်လက် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ - No.2 Police Station Mandalay
သတင်း - မြန်မာ့အလင်း
by သစ်ထူးလွင်
မန္တလေးတောင် အဆင်းလမ်း၌ သမီးရည်းစားစုံတွဲထံမှ လုယက်သူကို ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
09:31
Rating:
