မဟာသင်္ကြန်ကာလအတွင်း ရေကစားသူများ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက်များ သိမ်းဆည်း

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားသူများ ပျော်ရွှင်ချမ်းမြေ့စွာ ရေဆော့ကစားနိုင်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးရေးများ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ဧပြီ ၁၅

မဟာသင်္ကြန်ကာလအတွင်း ရေကစားသူများ ဘေးအန္တရာယ်ကင်း၍ ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ရေကစားသူများနှင့် ယာဉ်များအား ရှာဖွေစစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ မြို့တော်ခန်းမ၊ ငလိုက်ချောင်းတံတားအနီး၊ ရေပန်းဥယျာဉ်ရှေ့နှင့် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းမပေါ်တို့၌ ရေပက်ခံထွက်လာသော မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များပေါ်မှ ကျောက်လှည့်(၁၅၅)ချောင်း၊ ခဲတံချွန်ဓား(၃)ချောင်း၊ မောင်းချဓား(၃)ချောင်း၊ ကပ်ကြေး(၂)လက်၊ ဝါးတုတ်(၂၇)ချောင်း၊ သံပိုက်လုံး(၁၅)လုံး၊ သစ်သားတုတ်(၁၄)ချောင်း၊ ပုလင်းခွံ(၄၅၁)လုံး၊ မျက်နှာဖုံး(၁၅)ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရရှိသည်။


အလားတူ ယင်းနေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်နှင့် မြဝတီမြို့နယ်တို့ရှိ တံတားများ၊ မြို့ဝင်/မြို့ထွက်ဂိတ်များ၊ လမ်းဆုံးများ၌ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ရေကစားသူများနှင့် ယာဉ်များအား ရှာဖွေစစ်ဆေးခဲ့ရာ ဓား(၇၇)ချောင်း၊ ဓားဦးချွန်(၁၆)ချောင်း၊ မောင်းချဓား(၅)ချောင်း၊ ကျောက်လှည့်(၂၁၂)ခု၊ ဝါးတုတ် (၂)ချောင်း၊ လေးဂွ(၁၃)လက်၊ ပလာယာ(၃)ချောင်း၊ သံလက်သီး(၃)ခု၊ ချိန်းကြိုး(၁၄)ခု၊ ကပ်ကြေး (၁၄)လက်၊ အိပ်ဇောပိုက်(၁၃)ခု၊ မျက်နှာဖုံး(၂၇၀)ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မဟာသင်္ကြန်ကာလအတွင်း ရေကစားသူများ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက်များ သိမ်းဆည်း မဟာသင်္ကြန်ကာလအတွင်း ရေကစားသူများ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက်များ သိမ်းဆည်း Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.