တောင်ငူဆေးရုံမှာ အမျိုးသားတစ်ဦး ကိုယ့်ကိုကိုယ် ဓါးနဲ့ထိုးပြီးသေဆုံး


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ  အမျိုးသားတစ်ဦး ကိုယ်ကိုကိုယ် သတ်သေခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၀ရက်နေ့  မနေ့က ညနေ(၄)နာရီက တောင်ငူအထွေထွေရောဂါကု ဆေးရုံကြီးမှာ တီဘီရောဂါ ကုသမှုခံယူနေသူ အမျိုးသားတစ်ဦးက သူ့ကိုသူဓါးနဲ့ ထိုးပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။


တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာတော့ အဲဒီအမျိုးသားဟာ ဖျားနာဆောင်အတွင်း တီဘီရောဂါကု လူနာထားခန်းမှာ တစ်ဦးထဲရှိနေစဉ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဓါးဒဏ်ရာ(၃)ချက်နဲ့ သေဆုံးသွား ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့ တောင်ငူမြို့မ အမှတ် (၁)ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်းထောက်-ဖြိုးကိုလင်း(ညောင်ဝိုင်း)(5Plus News)
https://www.facebook.com/5plusnews
တောင်ငူဆေးရုံမှာ အမျိုးသားတစ်ဦး ကိုယ့်ကိုကိုယ် ဓါးနဲ့ထိုးပြီးသေဆုံး တောင်ငူဆေးရုံမှာ အမျိုးသားတစ်ဦး ကိုယ့်ကိုကိုယ် ဓါးနဲ့ထိုးပြီးသေဆုံး Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.