တာချီလိတ် လေယာဉ်ပြေးလမ်းအနီးတွင် ဦးခေါင်းတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လေယာဉ်ကွင်းအတွင်း လေယာဉ်ပြေးလမ်း အနီးတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိရသဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။


တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သတင်းအရ ဧပြီလ(၃)ရက်နေ့ နံနက် (၉) နာရီ ဝန်းကျင်ခန့်က လေယာဉ်ကွင်း အတွင်း လေယာဉ်ပြေးလမ်းအနီး အရေးပေါ်များ ဝင်ထွက်လမ်းဘေးသို့ သွားရောက် စစ်ဆေးရာ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦး ဦးခေါင်းတွင် ဓားခုတ်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် အင်္ကျီဖြူနီကျား၊ ဘောင်းဘီမီးခိုးရောင် ဝတ်ဆင်ထားပြီး ဆွဲကြိုးတစ်ကုံး ဝတ်ဆင်ထားသည်ကို တွေ့ရကြောင်းသိရသည်။


အလောင်းအား ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းမှပို့ဆောင် ပေးထားပြီး သက်ဆိုင်ရာမှ စစ်ဆေးနေလျက်ရှိကြောင်းနှင့် သေဆုံးသူ မည်သူဖြစ်သည်ကို အတည်ပြုနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှုအမှတ် (၇၀/၂၀၁၇) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net
တာချီလိတ် လေယာဉ်ပြေးလမ်းအနီးတွင် ဦးခေါင်းတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ  တာချီလိတ် လေယာဉ်ပြေးလမ်းအနီးတွင် ဦးခေါင်းတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.