စက်​ဘီး/ဆိုင်​ကယ်​အပ်​နှံခ​ သတ်​မှတ်​နှုံးထားထက်​ပိုမို ကောက်​ခံ​နေသူ (၃)ဦးအား ဒဏ်​​ငွေ (၁)သိန်းကျပ်​စီ ပထမအကြိမ်​ဒဏ်​တပ်​ရိုက်​​ရေးယူ


သင်္ကြန်​ကာလ စက်​ဘီး/ဆိုင်​ကယ်​အပ်​နှံခ​ လေလံလုပ်​ကိုင်​ခွင့်​ရရှိသူများ​ထဲက စည်းကမ်း​ဖောက်​ဖျက်​ကာ သတ်​မှတ်​နှုံးထားထက်​ပိုမို၍ တစ်​စီးလျှင်​ ၁၀၀၀/- ကျပ်​နှုံး​ ကောက်​ခံ​နေသူ (၃)ဦးအား မန္တ​လေးမြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီမှ ဧပြီ ၁၅ရက်​ နံနက်​ပိုင်းက တစ်​ဦးလျှင်​ ဒဏ်​​ငွေ (၁)သိန်းကျပ်​စီ ပထမအကြိမ်​ဒဏ်​တပ်​ရိုက်​​ရေးယူပြီး​ကြောင်း သတင်းရရှိသည်​။

ဒဏ်​တပ်​ရိုက်​​ရေးယူပြီး​သော စက်​ဘီး/ဆိုင်​ကယ်​အပ်​နှံ​နေရာများမှာ (၁) ၇၄လမ်း၊ ၂၆-၂၇​လမ်းကြား (၂) ၇၅လမ်း၊ ၂၆-၂၇​လမ်းကြား (၃) ၇၈လမ်း၊ ၂၇-၂၈​လမ်းကြား စသည့်​ ​နေရာ ၃​နေရာဖြစ်​ပြီး ဒုတိယအကြိမ်​ ထပ်​မံစည်းကမ်း​ဖောက်​လျှင်​ ဒဏ်ကြေး (၃)သိန်း ထပ်​မံဒဏ်​ရိုက်​မည်​ဖြစ်​​ကြောင်း သိရသည်​။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
စက်​ဘီး/ဆိုင်​ကယ်​အပ်​နှံခ​ သတ်​မှတ်​နှုံးထားထက်​ပိုမို ကောက်​ခံ​နေသူ (၃)ဦးအား ဒဏ်​​ငွေ (၁)သိန်းကျပ်​စီ ပထမအကြိမ်​ဒဏ်​တပ်​ရိုက်​​ရေးယူ စက်​ဘီး/ဆိုင်​ကယ်​အပ်​နှံခ​ သတ်​မှတ်​နှုံးထားထက်​ပိုမို ကောက်​ခံ​နေသူ (၃)ဦးအား ဒဏ်​​ငွေ (၁)သိန်းကျပ်​စီ ပထမအကြိမ်​ဒဏ်​တပ်​ရိုက်​​ရေးယူ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.