အလုပ်ရှင်နှင့်အလုပ်သမား စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှုကြောင့် အလုပ်ရှင်သေဆုံး


မြဝတီ ဧပြီ ၂၉

မြဝတီမြို့တွင်အလုပ်ရှင်နှင့် တစ်ယောက်တစ်ခွန်းစကားများစဉ် အလုပ်သမား ဖြစ်သူက ဓားဖြင့်ထိုးထွက်ပြေးသွားမှုတွင် ပြစ်မှုကျူးလွန်သူကို မြဝတီမြို့မ ရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များက နာရီဝက်အတွင်း ပိတ်ဆို့ဖမ်းဆီးရမိခဲ့ သည်။

ဆေးရုံပို့ဆောင်စဉ် သေဆုံး

ဧပြီ ၂၉ရက် နံနက် ၈နာရီခန့်ကအိမ်အမှတ်(၈/၆၃)မဟူရာလမ်း အမှတ်(၂) ရပ်ကွက် မြဝတီမြို့၌ ဓားထိုးမှုဖြစ်ပွား ကြောင်းသတင်းအရ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးဦးစီးအဖွဲ့သွားရောက်စုံစမ်းခဲ့ရာ ဒဏ်ရာရရှိသူမှာ ဇော်မင်းထွန်း (ခ)ရှောင်တိ (၃၇နှစ်) ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်းသိရပြီး ဒဏ်ရာများ အား စစ်ဆေးရာ နောက်ကျောတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီခရိုင်ဆေးရုံ ကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။


ဖော်ထုတ်ဖမ်းဆီး

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ ဇော်မင်းထွန်း(ခ)ရှောင်တိမှာ ငွေ လွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး¤င်း၏အလုပ်သမားဖြစ်သူ သီဟဇော်က ဓားဖြင့် ထိုးသွားခြင်းဖြစ်ကြောင်းသိရပြီး ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အဖွဲ့များ ခွဲကာ ပိတ်ဆို့ဖမ်းဆီးရာမှ အခင်းဖြစ်ပြီး မိနစ် ၂ဝ အကြာ ည ၈နာရီမိနစ် ၂ဝ တွင်ပြစ်မှုကျူးလွန်သူ သီဟဇော် (၁၉နှစ်)ကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ညဈေးတွင် ဖမ်းဆီးရမိခဲ့သည်။

သီဟဇော်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးသွား ၁၄ လက်မခန့်ရှိ စတီးဓားဦးချွန်တစ်ချောင်း (အရိုးကျွတ်နေ)ကို ရှာဖွေပုံစံ ဖြင့် သိမ်းဆည်းခဲ့ပြီး မြဝတီမြို့မရဲစခန်းက စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဓါတ်ပုံ - Police Myawaddy
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အလုပ်ရှင်နှင့်အလုပ်သမား စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှုကြောင့် အလုပ်ရှင်သေဆုံး အလုပ်ရှင်နှင့်အလုပ်သမား စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှုကြောင့် အလုပ်ရှင်သေဆုံး Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.