၇.၄.၂၀၁၇ ရက်နေ့၊ ၂၀း၁၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ နဝဒေး တစ်ဘက်ကမ်း ငဝန်မြစ်အတွင်း ပုသိမ်တမံချောင်းကမ်းနီအနီး ငွေကြယ်ပွင့်စက်လှေနှင့် နဒီဆွေဇင် ကျောက်တင် သင်္ဘောတို့ တိုက်မိမှုဖြစ်ပွားပြီး စက်လှေနစ်မြုပ်မှုဖြစ်ပွားကြောင်း သိရှိရသည်။
အဆိုပါ သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ လက်ရှိအချိန်အထိ ၃၀ဦးခန့် လွတ်မြောက် ခဲ့ပြီး၊ သေဆုံးသူ ကျား ၄ဦး၊ မ ၁၆ဦး၊ စုစုပေါင်း ၂၀ဦး၏ ရုပ်အလောင်းများအား ဆယ်ယူ ထားနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။
အဆိုပါ တိမ်းမှောက် စက်လှေမှာ ပုသိမ်ဟော်တယ်ခန်းမတွင် ဧပြီလ ရက်နေ့  ၄နာရီမှ ၆နာရီထိ ပြုလုပ်သော မင်္ဂလာဆောင်မှအပြန် ငွေကြယ်ပွင့် အမည်ရှိ အမြန်ယာဉ်စက်လှေဖြစ်ပြီး၊ စက်လှေပေါ်တွင် လူ၆၀ စီးနင်းလိုက်ပါသွားရာ ငဝန်မြစ်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သစ်ထူးလွင်

မင်္ဂလာဆောင်မှအပြန် စက်လှေနှင့် သင်္ဘော တိုက်မိသဖြင့် လူ၂၀ဦးသေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
22:16
Rating: