မြန်မာ-တရုတ် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား


မြန်မာ-တရုတ် နယ်စပ်ပွိုင့်-၂၀၃၃နေရာရှိ MNDAA အကြမ်းဖက်သောင်းကျန်းသူများ မရှုမလှဆုတ်ခွာ ထွက်ပြေးခြင်း

နေပြည်တော် ၊ ဧပြီ - ၂၁

ယနေ့နံနက် ဧပြီ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်း ၂ ခုက နှစ်နိုင်ငံနယ်စပ်အနီး ပွိုင့်(၂၀၃၃)တောင်ကုန်း၌ အခိုင်အမာ နေရာယူထားသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူ စခန်း ၂ ခုကို လက်နက်ကြီး ပစ်ကူရယူပြီး မိုးထဲရေထဲမှာ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက် တက်ရောက်ချေမှုန်း သိမ်းပိုက်ရာ ပထမကုန်းအား ၁၀ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ ဒုတိယကုန်းအား ၁၁ နာရီ ၂၅ မိနစ်တွင်လည်းကောင်း သိမ်းပိုက်ရရှိပြီး ဆုတ်ခွာထွက်ပြေးသည့် ရန်သူအုပ်စုအတွင်းသို့ မိမိလက်နက်ကြီးများ ဖြင့် စုပြုံပစ်ခတ်မှုများကြောင့်လည်း ရန်သူတို့ သေကျေဒဏ်ရာရမှုများပြားခဲ့၍ မိမိဘက်မှ စစ်သည် ၁ ဦးသာ လက်နက်ငယ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ စခန်း ၂ ခုမှ အာရ်ပီဂျီ ၂ လက်အပါအ၀င် လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်း၊ လက်ပစ်ဗုံးအမြောက်အများရရှိခဲ့ကြောင်း သိရှိရပါသည်။


ယခုသိမ်းပိုက်ရရှိသည့် ပွိုင့်(၂၀၃၃)နေရာသည် နှစ်နိုင်ငံနယ်စပ် လမ်းကြောင်း အား အခွင့်ကောင်းယူ၍ ဘီပီ(၁၁၂)မှ ဘီပီ(၁၁၀)သို့ MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်သည့်လမ်းကြောင်းများအနက် တစ်ခုအပါအ၀င်ဖြစ်၍ ပိတ်ဆို့ဟန့်တားသည့် အခွင့်ကောင်းကို တပ်မတော် စစ်ကြောင်းများမှ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ နယ်မြေတစ်ဝိုက်အပါအ၀င် ပွိုင့်(၂၁၄၅) အရှေ့ဘက်ခြမ်း နှစ်နိုင်ငံနယ်စပ်နေရာအချို့ရှိ ကြွင်းကျန်နေသော အကြမ်းဖက်သောင်းကျန်းသူ စခန်းများ ကိုလည်း တပ်မတော်စစ်ကြောင်း အသီးသီးက ဆက်လက်ရှင်းလင်းလျက်ရှိနေသေးကြောင်း သတင်းရရှိ ပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
မြန်မာ-တရုတ် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား မြန်မာ-တရုတ် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.