ကျောင်းကုန်းမြို့ တံခွန်တိုင်ကျေးရွာအနီး၌ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွား


ကျောင်းကုန်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ် တံခွန်တိုင်ကျေးရွာအနီးတွင် ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ သည်။

အမှုမှာ ဧပြီ ၇ ရက် နံနက် ၉ နာရီခွဲ ခန့်က ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင် အမှတ် ၆၉/၆ နှင့် ၆၉/၇ ကြား တံခွန် တိုင်ကျေးရွာအနီးတွင် ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်း ဝင်းလွင်ဦး (၄၁ နှစ်) ကျုံပျော်မြို့နယ်နေသူ မောင်းနှင်သည့် 6F/---- ရွှေဒိုးလေး အပြာရောင် ခရီးသည်တင်မှန်လုံယာဉ် သည် ၎င်း၏ ရှေ့မှ ကုန်တင်ကားတစ်စီး အား လမ်း၏ဝဲဘက်ခြမ်းမှကျော်တက်စဉ် အရှိန်ဖြင့် တစ်ဖက်ယာဉ်ကြောဘက်သို့ ရောက်ရှိသွားပြီး ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲထွဋ် (၄ဝ နှစ်) ကျောင်း ကုန်းမြို့နေသူ မောင်းနှင်လာသည့်3L/ ---- ဟိုက်ဂျက်အဖြူရောင်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

ထိုသို့ တိုက်မိမှုကြောင့် ဟိုက်ဂျက် အဖြူရောင်ယာဉ်မှာ နောက်သို့ လွင့်ပါ သွားပြီး ကားလမ်းဘေးတွင် ချရပ်ထား သည့် 3J/---- အနက်ရောင်ယာဉ်၏ ဝဲဘက်ခြမ်း ဦးခေါင်းပိုင်းအား နောက် ပိုင်းဖြင့်တိုက်မိကာ ယာဉ်မောင်း ရဲထွဋ် တွင် ဒဏ်ရာအနည်းငယ်ရရှိပြီး မှန်လုံ ယာဉ်မောင်း ဝင်းလွင်ဦးအား ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောင်းကုန်းမြို့ တံခွန်တိုင်ကျေးရွာအနီး၌ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွား ကျောင်းကုန်းမြို့ တံခွန်တိုင်ကျေးရွာအနီး၌ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:22 Rating: 5
Powered by Blogger.