ထားဝယ်-ထီးခီးသွားကားလမ်းတွင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသမီး (၁)ဦးသေဆုံးပြီး ကျန်ခရီးသည်(၁၅)ဦးထိခိုက် ဒဏ်ရာရ

ထားဝယ်ခရိုင်၊ မေတ္တာမြို့ ၊ ထားဝယ်-ထီးခီးသွားကားလမ်းတွင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
ထားဝယ် ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ၊ ထားဝယ်-ထီးခီးသွားကားလမ်း ခန့် မှန်းကီလိုမီတာ ၇၇/၇၈ အကြားတွင် ဧပြီ ၂၄ ရက်နေ့ နံနက် ၀၈း၃၀ နာရီအချိန် ယာဉ်အမှတ် 7H/8356 တိုယိုတာ တိုက်ဂါးအမျိုးအစား ရွှေခဲရောင် မော်တော်ယာဉ် တိမ်းမှောက်ကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင် ဧပြီ ၂၄ ရက်နေ့ နံနက် ၀၈း၃၀ နာရီအချိန် ခန့် ၌ယာဉ်မောင်းစံသိန်းမောင် မောင်းနှင်းသော ယာဉ်အမှတ် 7H/8356 တိုယိုတာ တိုက်ဂါးအမျိုးအစား ရွှေခဲရောင် မော်တော်ယာဉ်တွင်ခရီးသည်(၁၆)ဦးတင်ဆောင် လာပြီး ထားဝယ် - ထီးခီး သွားကားလမ်း ခန့် မှန်းကီလိုမီတာ ၇၇/၇၈ အကြားတောင်ကုန်းဆင်း၌ အရှိန်မထိန်းနိုင်ပဲ လမ်း၏ ၀ဲ ဘက်သို့  ထိုးကျသွားကာ လဲကျနေသော သစ်ပင်ခြောက်အား တိုက်မိ၍ ယာဉ်ပေါ်ပါသူများ လွင့်စင်ပြုတ်ကျခဲ့ သဖြင့် ယာဉ်ပေါ်ပါသူ များအနက် မှ အမျိုးသမီး (၁)ဦးသေဆုံးပြီး ကျန်ခရီးသည်(၁၅)ဦးမှာထိခိုက် ဒဏ်ရာများအသီးသီး ရရှိကြောင်းသိရှိရပြီး ဒဏ်ရာရရှိသူများ ကို မေတ္တာတိုက်နယ်ဆေးရုံ သို့  မှုခင်းဆေးစာဖြင့် ပို့ ဆောင်ထားကြောင်း သိရှိရသည်။


ယာဉ်အားမဆင်မခြင်မောင်းနှင်းသူ စံသိန်းမောင် မှာ ထွက်ပြေးတိမ်းရှောက်သွားကြောင်းသိရှိရပြီး စံသိန်းမောင်၊ ကော့လှိုင်းကျေးရွာ၊ရေးမြို့ နေသူအား မေတ္တာနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၂ /၂၁၀၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန )
ထားဝယ်-ထီးခီးသွားကားလမ်းတွင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသမီး (၁)ဦးသေဆုံးပြီး ကျန်ခရီးသည်(၁၅)ဦးထိခိုက် ဒဏ်ရာရ ထားဝယ်-ထီးခီးသွားကားလမ်းတွင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသမီး (၁)ဦးသေဆုံးပြီး ကျန်ခရီးသည်(၁၅)ဦးထိခိုက် ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.