မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ သင်္ကြန်အကျ နေ့အထိလူနာ ၃၄၆ ဦးနှင့်သေဆုံးသူ ၅ ဦးရောက်ရှိ


မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အပျော်လွန် လည်ပတ်မှုကြောင့် သင်္ကြန်အကြိုနေမှ အကျနေ့အထိမန္တလေး အထွေထွေရောဂါ ကုဆေးရုံသို့လာရောက် ကုသသူလူနာပေါင်း ၃၄၆ ဦးနှင့် သေဆုံးသူ ၅ ဦးရှိကြောင်း ဆေးရုံကြီး မှတ်တမ်းများအရ သိရသည်။

အဆိုပါလူနာများအနက် သင်္ကြန်အကြိုနေ့တွင်ဆေးရုံ ကြီးသို့လာရောက် ပြသကြသည့်လူနာ ၁၁၆ ဦးရှိပြီး၎င်း တို့အနက် ပြင်ပလူနာ ၆၄ ဦးနှင့် အတွင်းလူနာအဖြစ် တက်ရောက်ကုသသူ ၅၁ ဦးရှိပြီးသေဆုံးပြီး ရောက်လာသူ တစ်ဦးရှိကာ သင်္ကြန်အကျနေ့တွင် ဆေးရုံသို့ လာရောက် ပြသသည့်လူနာ ၂၃၀ အနက်ပြင်ပလူနာ ၁၂၇ ဦးရှိ ပြီးအတွင်းလူနာအဖြစ် ၁၀၃ ဦး တက်ရောက် ကုသလျှက်ရှိပြီး သေဆုံးပြီးမှ ဆေးရုံရောက်ရှိလာသူ ၄ ဦးရှိကြောင်း ၎င်းဆေးရုံကြီး ဆေးလူမှု ဆက်ဆံရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်ကပြောသည်။


"ကျွန်တော်တို့ ဆေးရုံကြီးကို လာရောက်ကုသကြတဲ့လူ နာတွေရဲ့ နေ့စဉ်စာရင်းကို ဒီနေ့မနက် ၈ နာရီကနေ နောက်နေ့မနက် ၈ နာရီအထိကောက်ယူပါတယ်။ ဒီနှစ်သင်္ကြန်အတွင်းမှာရောက်လာတဲ့ လူနာတွေရဲ့ မှတ်တမ်းအရ မန္တလေးခရိုင် အတွင်းမှာ ယာဉ် မတော်တဆမှုကြောင့် ရောက်လာသူ နည်းပါသလို သေဆုံးသူလည်း ယနေ့အထိ မရှိသေးပါဘူး။ အခုရောက်ရှိလာတဲ့ လူနာတွေ နဲ့သေဆုံးသူတွေက မန္တလေးတိုင်းဒေသကြီးရဲ့ အနီးပတ်ဝန်းကျင် မြို့နယ်တွေက ဖြစ်ပွားပြီး ရောက်လာသူတွေများပါတယ်"ဟု၎င်းကပြောသည်။

ပြီးခဲ့သည့်၂၀၁၆ခုနှစ်သင်္ကြန်ပွဲတော်ကလအတွင်းက မန္တလေးအထွေထွေရောဂါကုဆေးရုံသို့လာရောက်ပြသကြသည့် လူနာပေါင်း ၇၇၇ ရှိပြီး၎င်းတို့အနက်ပြင်ပ လူနာ ၄၈၀ ဦးအတွင်းလူနာ ၂၈၁ ဦး သေဆုံးပြီးမှဆေး ရုံကြီးသို့ရောက်ရှိလာသူ ၁၆ ဦးနှင့် ဆေးရုံရောက်ရှိပြီးမှ သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်းသိရသည်။

တင်မောင်-မင်းထက်အောင်-(မန်းကိုယ်ပွား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ သင်္ကြန်အကျ နေ့အထိလူနာ ၃၄၆ ဦးနှင့်သေဆုံးသူ ၅ ဦးရောက်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ သင်္ကြန်အကျ နေ့အထိလူနာ ၃၄၆ ဦးနှင့်သေဆုံးသူ ၅ ဦးရောက်ရှိ Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.