စစ်တွေမြို့၌ (မော်ဖင်း) ထိုးဆေးပုလင်း (၄၉၀) လုံးဖမ်းဆီးရမိ


ဧပြီ ၁၀၊၂၀၁၇

စစ်တွေမြို့ စစ်တွေ-ရေချမ်းပြင်သွား ကားလမ်း တံတားဖြူအနီး၌ ဧပြီ ၉ ရက် ည ၆ နာရီတွင် မော်ဖင်းထိုးဆေးပုလင်း (၄၉၀) လုံးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း တံတားဖြူအနီး ပုဇွန်ကန် ဘောင်ပေါ်လမ်းလျှောက် လာသူ ဒုံးပြင်တောင်ကျေးရွာနေ မာမောက်ဂျာဘေ (၃၂)နှစ် ကိုင်ဆောင်ထားသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ မော်ဖင်း ၂၀၀လုံး နှင့် ၄င်း၏နေအိမ်တဲအတွင်းမှ မော်ဖင်း၂၉၀လုံး စုစုပေါင်း မော်ဖင်းထိုးဆေး ပုလင်း (၄၉၀) လုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် ၁၇ ဒသမ ၁၅ သိန်း တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၄င်းအား စစ်ဆေးရာ စစ်တွေမြို့နယ် ဆတ်အိုးကျေးရွာနေ အဒူဆလင်က ရောင်းချပေးရန်အတွက် အပ်နှံထားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
စစ်တွေမြို့၌ (မော်ဖင်း) ထိုးဆေးပုလင်း (၄၉၀) လုံးဖမ်းဆီးရမိ စစ်တွေမြို့၌ (မော်ဖင်း) ထိုးဆေးပုလင်း (၄၉၀) လုံးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.