ကလောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော် ဧပြီ ၈

မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဧပြီ ၇ ရက်က ကလော မြို့နယ် ရေယားကျေးရွာအနီး ကလော-သာစည်သွား ကားလမ်းမ ပေါ်တွင် မောင်မောင်မြင့် မောင်းနှင် ပြီး ပြည့်ဖြိုးဝင်းလိုက်ပါ လာသည့် ALPHARD အမျိုးအစား ခဲရောင်မော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း (ယင်းဒေသတန်ဖိုး ငွေကျပ် သိန်း ၁၁ဝဝဝ) သိမ်းဆည်းရမိသည်။

အလားတူ မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မူဆယ်-မန္တလေး သွားကားလမ်း နောင်ချိုမြို့အဝင်တွင် သက်ခိုင် မောင်းနှင်ပြီး ရဲပိုင်လိုက်ပါ လာသည့် HILUX VIGO အမျိုးအစား မော်တော် ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁ဝ (အလေးချိန် ၁ ဒသမ ၅၈၉ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝဝ နှင့် မြန်မာငွေကျပ် ၂၃ သိန်း တို့ကို လည်းကောင်း၊ ဆက်လက်၍ ရွှေလိပ်ပြာ ခရီးသည်တင်ယာဉ်ငယ် အသင်းမှ NISSAN AD VANအမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၂ဝ၄၆ ပြားကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရ သည်။

(ကြေးမုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကလောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ ကလောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 10:37 Rating: 5
Powered by Blogger.