တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်တိန်းကျေးရွာအနီး တပ်မတော်စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဧပြီ ၅ ရက်မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ဖားကန့်ဘက်မှ စိုင်းမျိုးထွန်း(ဘ) ဦးမြသာ မောင်းနှင်၍ သက်ဇော်ထွန်း(ဘ) ဦးနေမင်းထွန်းလိုက်ပါလာသည့် မတ်တူးအမျိုးအစား ယာဉ်အမှတ်၊ 6C/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၅၃ တုံး(ခန့်မှန်း ၂၄၄ ဒသမ ၉ ကီလိုဂရမ်ခန့်)ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့်ကျောက်စိမ်းတုံးများအား ကာမိုင်းနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံ ခဲ့ကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.