လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်


မိုင်းဆတ် ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ် ကျေးရွာအုပ်စု၊ ဖားမိုက်ကျေးရွာတွင် သွပ်မိုးထရံကာနေအိမ်(၄)လုံး၊ ထရံကာ သက်ကယ်မိုးအိမ်(၃)လုံး၊ အိမ်ထောင် စု(၇)စုနှင့် ဟွေမော်ကျေးရွာတွင် သွပ်မိုးထရံကာနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု စုစုပေါင်း နေအိမ်(၁၈)လုံး၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာတွင် သွပ်မိုးထရံကာနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု (၁၀)စုနှင့် မယ်ကြုတ်ကျေးရွာတွင် သွပ်မိုးပျဉ်ကာနေအိမ်(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စု စုစုပေါင်းနေအိမ်(၄၅)လုံး၊ အမိုးလန်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် မိုင်းဆတ်မြို့နယ်အတွင်း စုစုပေါင်းကျေးရွာ(၄)ရွာတွင် နေအိမ်(၆၃)လုံး အမိုးလန် ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး(၁၀၉)သိန်းကျော်ရှိကြောင်း လေဘေးသင့် အိမ်ထောင်စု(၆၃)စုအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် နေရာချထားပေးကြောင်းနှင့် လူတိရိစ္ဆာန် ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ် လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ် Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.