ရန်ကင်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၅) ရပ်ကွက် အဝေရာလမ်း၌ ဧပြီ ၂၃ ရက် နံနက် ၂ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ် ဖွဲ့မှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များ ပါဝင်သော level 2 ယာဉ်အုပ်စုများ ငြှိမ်းသတ်ခဲ့ရာ နံနက် ၂နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီ ၅ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် တစ်ထပ်အိမ်တစ်လုံး၊ ဂိုဒေါင်တစ်ခုနှင့် ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး မီး လောင်မှုအကြောင်းရင်းအား ဆက်လက် စုံစမ်းဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧပြီ ၂၃ ရက် ည ၇ နာရီ ၁ဝ မိနစ်က ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအနီး ကိုင်းတော မီးလောင်မှုဖြစ်ပွားသဖြင့် လှိုင်သာ ယာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီးနှင့် ရေသယ်ယာဉ် တစ်စီး၊ ထန်းတပင်မြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် သုံးစီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရ သည်။

(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကင်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား ရန်ကင်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.