နေပြည်တော်ကလာတဲ့ သတင်းတပုဒ်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်မ ၁၅ က ဦးစီးခဲ့ကြောင်းနဲ့ အဲဒီတပ်မမှူး ဗိုလ်ချုပ် ခင်မောင်စိုးကို ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတွက် စစ်ခုံရုံးဖွဲ့စစ်ဆေးနေတယ်လို့ သိရပါတယ်။
တပ်မ ၁၅ လက်အောက်မှာ တပ်ရင်း ၁ဝ ခုရှိတဲ့အနက် ဘူးသီးတောင်နဲ့ မောင်တောဒေသ စစ်ဆင်ရေးတွေမှာ ခမရ ၃၄၅၊ ၃၅၂၊ ၅၅၁ နဲ့ ၅၆၄ တို့ဝါဝင်ဆောင်ရွက်ခဲ့ပြီး စစ်သည်အင်အား ၂ဝဝဝ နီးပါးကို အသုံးပြုခဲ့ကြောင်းလည်း အစိုးရနဲ့ တပ်မတော်ထိပ်ပိုင်းက ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဘူးသီးတောင် လူ့ခွင့်ရေးချိုးဖေါက်မှု တပ်မမှူးကို စစ်ဆေးပြီ
Reviewed by THITHTOOLWIN
on
09:38
Rating:
