တတိယတန်းကျောင်းသူ ညီအစ်မ (၂)ဦး မိုးကြိုးထိမှန်၍ သေဆုံး

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာတွင် မိုးကြိုးထိမှန်၍ အမျိုးသမီးငယ်(၂)ဦးသေဆုံး
၁၁-၄-၂၀၁၇

(၁၁-၄-၂၀၁၇)ရက်နေ့(၁၇၃၀)အချိန် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာတွင် မအိဖြူဇင်(၁၄)နှစ်၊ (ဘ)ဦးကြည်သန်း၊ တတိယတန်းကျောင်းသူနှင့် ညီမဖြစ်သူ မဟေမာဝင်း(၁၂)နှစ်၊ တတိယတန်း ကျောင်းသူတို့နှစ်ဦးသည် မိုးကြိုးထိမှန် သေဆုံး ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ဦးကြည်သန်း၊ မိခင် ဒေါ်တိုးရီ၊ သမီး မအိဖြူဇင်နှင့်မဟေမာဝင်းတို့သည် ရှမ်းအင်းတော်ကျေးရွာထိပ်၊ မြိတ်-တနင်္သာရီ ကားလမ်းမကြီး၏ ယာဘက်(၁)ဖာလုံအကွာရှိ ဦးမြတ် ၏ ရော်ဘာခြံ၌ အလုပ်လုပ်ပြီး သားအမိ (၄)ဦး စုဝေးနားနေစဉ် ရုတ်တရက်မိုးကြိုးပစ်သဖြင့် မအိဖြူဇင်နှင့်မဟေမာဝင်းတို့မှာ ထိုင်နေရာမှ လဲကျသွားသဖြင့်ကြည့်ရှုရာ မဟေမာဝင်း၏ ရင်ဘက် ညိုမဲ ဒဏ်ရာ၊ မအိဖြူဇင်တွင် ပြင်ပ ဒဏ်ရာ မရှိဘဲ သေဆုံးခဲ့ကြောင်း သိရသဖြင့် သေဆုံးမှုအား တနင်္သာရီရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၇)ဖြင့် ဖွင့်လှစ်ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
တတိယတန်းကျောင်းသူ ညီအစ်မ (၂)ဦး မိုးကြိုးထိမှန်၍ သေဆုံး  တတိယတန်းကျောင်းသူ ညီအစ်မ (၂)ဦး မိုးကြိုးထိမှန်၍ သေဆုံး Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.