ရွှေကျင်မြို့၌ (၆)ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ကုန်ခြောက်ဆိုင်အားဝင်တိုက်


ရွှေကျင် ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ မကျည်းတန်းရပ်ကွက် မကျည်းတန်းလမ်း၌ ဧပြီလ (၂၁)ရက် မွန်းတည့် (၁၂)နာရီခန့်က (၆)ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ကုန်ခြောက်ဆိုင်အားဝင်တိုက်မှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ရွှေကျင်မြို့ မကျည်းတန်းရပ်ကွက် မကျည်းတန်းလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း မြင့်ခိုင် (၃၇) နှစ် (ဘ) ဦးသိန်းဝင်း ရွှေကျင်မြို့ ညောင်ဝိုင်းရပ်ကွက် နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် သန်းအေး (၂၀)နှစ် (ဘ)ဦးပိန် မင်းလမ်းသံဆိပ်ကျေးရွာနေသူ နှင့် လိပ်စာတူ အသဲ (၂၈)နှစ် (ဘ)ဦးအောင်ကြည် တို့လိုက်ပါလာသော ဈေးကုန်ခြောက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာသည့် ယာဉ်အမှတ် ၉ခ/၁၂၅၂ ကောင်တာအမျိုးအစား (၆)ဘီး အပြာရောင်ယာဉ်သည် ညဈေးလမ်းဘက်သို့ ချိုးကွေ့စဉ် ဘရိတ်ပေါက်ပြီး ကိုလှဝင်းထွန်း မကျည်းတန်းရပ်ကွက်နေသူပိုင် "ဝင်းဝင်းလေး" ကုန်ခြောက်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့သည်။


ယင်းကုန်ခြောက်ဆိုင်အားတိုက်မိမှုကြောင့် ဈေးဆိုင်ရှေ့မျက်နှာစာ၊ ဈေးကုန်ခြောက်များ ပျက်စီးဆုံး ရှုံး၍ ကားရှေ့မှန်ကွဲခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။


သို့ပါ၍ ယာဉ်အား ကုန်ခြောက်ဆိုင်ဝင်တိုက်၍ ပျက်စီဆုံးရှုံးအောင်မောင်းနှင်သူ ယာဉ်မောင်း မြင့်ခိုင် အား ရွှေကျင်မြို့မ ရဲစခန်းက ယာဉ်(ပ) ၁၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်းသိရသည်။

ကိုထွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရွှေကျင်မြို့၌ (၆)ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ကုန်ခြောက်ဆိုင်အားဝင်တိုက် ရွှေကျင်မြို့၌ (၆)ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ကုန်ခြောက်ဆိုင်အားဝင်တိုက် Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.