ခင်ဦးမြို့ လျှပ်စစ်ရုံးအနီး ဓားခုတ်မှုဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့ နယ် လျပ်စစ်ရုံးအနီးတွင် ဧပြီလ ၉ ရက်နေ့  ယနေ့နေလယ် ၃နာရီ ၅၈မိနစ်အချိန်တွင် တရားခံ ကျော်မင်းကျော်(ခ)တရုတ်ကြီး သည် ဓားမကိုင်ဆောင်ကာမြို့ထဲမှ လမ်းမတော်အတိုင်လမ်းလျှောက်လာပြီ လျှပ်စစ်ရုံးအနီတွင် လမ်းသွားလမ်းလာများအား ဓားမနှင့် လိုက်ခုတ်ခဲ့ကြောင်း သိရပါသည်။


လမ်းသွားလမ်းလာတစ်ဦးဖြစ်သည့် ဆရာကြီးဦးမြင့်သိန်းအား ဓားဖြင့်ခုတ်ပြီ နောက်တစ်ချက်အခုတ်တွင် ကိုဝင်းထွန်းဦးမှ လက်ခံကာ ဓားကို ကိုင်ပြီ သိမ်းလိုက်သည်။

ထို့နောက် တရားခံသည် အောင်သီရိရပ်ရှိ ဒေါ်လှမြူး အိမ်ပေါ်သို့ တတ်ပြေးသည်။ အိမ်ကိုမီးရှိုးသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ အမြန်တံခါးတွန်းဖွင့်ကာ ဝင်အဖမ်းတွင် ရဲဒုတကကိုသူရထွန်းအား တရားခံမှဓားဖြင့် လည်ပင်အားထိုးသဖြင့် ရှောင်လိုက်ရာ ဝဲလက်အောက်ဒဏ်ရာရရှိသွားပါသည်။

ဓားခုတ်ခံရသည့် ဆရာကြီးဦးမြင့်သိန်းမှာ မျက်နှာပေါ်ဒဏ်ရာနှင့် ၀င်ရောက်ကာကွယ်ပေးသည့်ကိုဝင်းထွန်းဦးမှာ လက်ဖဝါးဒဏ်ရာရရှိသွားပါသည်။ တရားခံမှာ ဆေး(သို့)အရက်ကြောင်နေသည်ဟု ယူဆရသည်။

သတင်း - ဓာတ်ပုံ ။  ။ Soe Wai Zaw
သစ်ထူးလွင်
ခင်ဦးမြို့ လျှပ်စစ်ရုံးအနီး ဓားခုတ်မှုဖြစ်ပွား ခင်ဦးမြို့ လျှပ်စစ်ရုံးအနီး ဓားခုတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.